မကြာခင်မှာပဲ အရပ်ရှည်တဲ့ ယူနီဖောင်းဝတ် အမျိုးသားတစ်ဦးကို အိမ်တော်ထိန်းက စာဖတ်ခန်းထဲ ခေါ်လာခဲ့သည်။ ထိုလူသည် ရုပ်ချောပြီး ဆိုရီယာနှင့် အနည်းငယ် ဆင်ကာ ဟန်ကျန်းအား စစ်ရေး အရ အလေးပြုသည်။
"ရေတပ်ဗိုလ်ချုပ်"
ဟန်ကျန်း မျက်နှာချင်းဆိုင် က ထိုင်ခုံကို ညွှန်ပြလိုက်သည်။
“ထိုင်ပါ၊ ဒါက သီးသန့်ကိစ္စပါ”
ဆိုကိုတိုသည် မေးရိုးကို မသိစိတ်ကြောင့် တင်းကျပ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။
ဟန်ကျန်း က သူ့ကို အနီးကပ် စိုက်ကြည့်နေလိုက်သည်။
"မင်းကိုယ်တိုင် မိုင်နဲကို အရင်နေရာကနေ ပြန်ခေါ်ခဲ့တာ ဟုတ်တယ်မလား?"
“ဟုတ်ကဲ့”
ဟန်ကျန်း က “နောက် ဂျူလော့စ် မွေးလာခဲ့ပြီး တခြားသူတွေက သူ့ကို မကြိုက်ဘူး။ ညီအစ်ကို နှစ်ယောက်ကြား ကွာဟချက်ရှိမှာကို စိုးရိမ်ပြီး ငါ က သူ့ကို အပြင်မှာ တစ်ယောက်တည်း နေခွင့်ပြုလိုက်တာ၊ သူက မင်းကို ယုံကြည်တဲ့အတွက် သူ့ကို စောင့်ကြည့်ဖို့ မင်းကို တာဝန်ပေးရထားရတာ ငါ့အတွက် အဆင်ပြေတယ်"
ဟန်ကျန်း က သူ့ကို လှောင်ပြောင်လိုက်သည်။ "မင်းရဲ့အဖြေက သူက တော်ရုံတန်ရုံပဲ အရည်အချင်းရှိတယ်။ ဒါပေမယ့် ဂျူလော့စ် ရဲ့ မကောင်းမှုတွေကြားက ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တယ်။ မင်းငါ့ကို ပေးမယ့် အဖြေရှိသေးလား?"
သူ့အသံကို မြှင့်လိုက်ပြီး "ဘာကို တော်ရုံတန်ရုံ အရည်အချင်းရှိတာလဲ!"
ဆိုကိုတို၏ နဖူးပေါ်တွင် ချွေးများ ထွက်လာသည်။
"ရေတပ်ဗိုလ်ချုပ်၊ အဲဒါက ကျွန်တော့်ဘက်က တတ်နိုင်တာ ထက် ကျော်သွားပြီ"
"ဒါက တတ်နိုင်တာကို ကျော်သွားတာ မဟုတ်ဘူး၊ အစီရင်ခံဖို့ တမင်ပျက်ကွက်တာ!" ဟန်ကျန်းက အသံနက်ကြီးဖြင့် ပြောသည်။
“မင်း သူ့အပေါ်မှာ တည်နေရာ ခြေရာခံစက် တပ်ပေးထားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက မြို့ပြင်မှာ သူတစ်ယောက်တည်း အမဲလိုက်နေတာကို မင်းမသိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...