Chapter 100: ဆုံးဖြတ်ချက်
မီယာရဲ့ တုံ့ပြန်မှု က ဟန်ကျန်း ကို ပို၍ ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။ သူ့မျက်နှာ က တင်းကြပ်လာသည်သူခဏလောက် စကားမပြောဘဲ နေတော့ ရေတပ်ဗိုလ်ချုပ်ကြီး ချောင် က
"ရေတပ်ဗိုလ်ချုပ်ကြီး ချောင် ပါ။ သုတေသန စခန်း က ဝန်ထမ်းတွေ လွတ်မြောက်သွားတော့ တစ်ဖက်က မင်းကို ဆက်သွယ်နေတဲ့ အကြောင်း ဒုဗိုလ်မှူးကြီးချောင် က ကြားလိုက်ရတယ်"
"မဖြစ်နိုင်ဘူး!" မီယာ က သေသေချာချာ ပြောသည်။ သူက ဆက်သွယ်တဲ့သူ ဖြစ်သည်။ အဲဒီမှာ အပြင်လူ လုံးဝ မရှိခဲ့ပေ။
“သူ လိမ်နေတာ”
သူ အထိတ်တလန့်ဖြစ်သွားသည်။ ချို့ယွင်းချက် က ဘယ်မှာ ရှိနေတယ် ဆိုတာ သူ တွေးကြည့်လို့ မရပေ။ခချောင်ခယ် က ဆက်သွယ်မှုကို မကြားနိုင်ခဲ့ဘဲ သုတေသန အခြေစိုက်စခန်း က သူနဲ့ ချိတ်ဆက်နေတာ ဘယ်လိုလုပ် သိသွားတာလဲ?။
ရေတပ်ဗိုလ်ချုပ်ကြီး အေဘမ် က ပြုံးလိုက်သည်။
“အရေးမကြီးပါဘူး။ မင်းရဲ့ လက်ပတ် က ဒေတာကို ပြန်ယူပြီးသွားပြီ၊ မကြာခင် ပြန်စစ်ဆေးတော့မှာ၊ စွပ်စွဲခံရရင် သူ့ကို အသရေဖျက်မှုနဲ့ တရားစွဲလို့ ရတယ်။တရားသူကြီး က တရားစွဲတာကို လက်ခံပါလိမ့်မယ်”
ရေတပ်ဗိုလ်ချုပ်ကြီးချောင် က သူ့ကိုကြည့်ကာ စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌကို
“လွန်ခဲ့တဲ့ ၄၈နာရီ က အချက်အလက် ကို ပြန်ဖွင့်ပေးပါ"
"မဖြစ်ဘူး!!!" မီယာ က ဒုဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ စိတ်တည်ငြိမ်မှု အပြည့်အဝ ဆုံးရှုံးသွားသဖြင့် "အဖေ၊ ဒါကို ကြည့်လို့မဖြစ်ဘူး!"
ဟန်ကျန်းရဲ့ မျက်နှာ က ရုတ်တရက် အလွန် ကြည့်ရဆိုးလာပြီး ဆက်သွယ်မှုကို ရပ်တန့်လိုက်သည်။ ချောင် နဲ့ အေဘမ် က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်တွေကလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ မျက်နှာတွေ ကို ထိန်းသိမ်းထားသော်လည်း လူတိုင်းတွင် အတွေးတစ်ခုသာ ရှိခဲ့သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...