ရှဲ့စန်း စာပို့ပြီး မကြာခင်မှာပဲ တစ်ဖက်လူဆီ က အနီရောင်စာအိတ် ကို လက်ခံရရှိခဲ့သည် "၂၀၀၀". ရှဲ့စန်း ပြုံးလိုက်ပြီး 'ကျေးဇူးတင်ပါတယ်' လို့ စာပြန်လိုက်သည် Forumကို သွားပြီး ၂၀၀၀ကို သွားမယ့်ဘက်ထားလိုက်သည်
Forumမှာ သူ့ကိုယ်သူ လောင်းပြီးနောက် နည်းနည်းစိတ်လှုပ်ရှားနေသည် တခြားအကြောင်းကြောင့် မဟုတ်ပါဘူး ဒီမှာရှိတဲ့ကျောင်းသားတွေ အကုန်လုံးနီးပါးက ပွဲကြည့်ပရိသတ်တွေဖြစ်ပြီး လောင်းတဲ့သူတွေက တော်တော်နည်းပြိး ၁၀၀လောက်သာလောင်းနိုင်ကြသည်
လောင်းကြေး ကြယ်ဒင်္ဂါး ၂၀၀၀ ရုတ်တရက်ပေါ်လာတာက အရမ်းအထိတ်တလန့် ဖြစ်စရာကောင်းနေသည် ဘယ်သူမှ သိပ်မလောင်းတဲ့နေရာမှာဆိုတော့ ရည်ညွှန်းပြောစရာ လိုမယ်မထင်တော့ဘူး
[ သစ်ပင်သုံးပင် က ဘယ်သူလဲ ပိုက်ဆံရှိပြီး ဦးနှောက်မရှိတဲ့သူ ငါတို့ကျောင်းမှာရှိနေတာလား ]
[ ကျောင်းသား မင်း လက်တုန်ပြီး အမှားလုပ်မိတာတော့ မဟုတ်ဘူး မဟုတ်လား လုပ်မိတာလား ]
[ သူက ချမ်းသာပြီး ပြောင်းလဲလွယ်တဲ့သူ ဖြစ်မယ် တခြားတစ်ဖက်မှာ လောင်းတဲ့လူ နည်းနည် းရှိတယ် နိုင်ဖို့ မသေချာဘူးလေ ]
[ ဘယ်သူက ပိုက်ဆံ လိုချင်နေလို့လဲ လောင်းတဲ့နေရာမှာ မှန်ရင် "ရှင်းချန် တက္ကသိုလ်ရဲ့ ဒီနှစ်အတွက် ကံအကောင်းဆုံး ဘုရင်" ဘွဲ့ လိုချင်လို့ ]
[ ငါလည်း အတူတူပဲ ]
ရှဲ့စန်း အဲ့ဒီ့ စကားလုံ းကို ကြည့်လိုက်ပြီး ရှာဖတ်လိုက်သည်။ နှစ်စဥ်အမြဲ forum မှာ လောင်းတာ အများဆုံး မှန်တဲ့သူ ကို 'ကံ အကောင်းဆုံး ဘုရင်' ဘွဲ့ပေးပြီး ဆုတွေ အများကြီးပေးသည်
လူတွေ တော်တော်များများ လောင်းကြတာ အံသြစရာ မလိုတော့ဘူး တစ်ယောက်ချင်းစီရဲ့ လောင်းကြေးက အရမ် းမများပါဘူး တစ်ဖက်မှာ လောင်းတဲ့လူ မရှိပေမယ့် တစ်ဖက်မှာတော့ အကြိမ်တိုင်း တိုးလာနေသည်။
သူ အစာ စားပြီးတဲ့ အချိန်မှာ ၁၂ နာရီ ထိုးတော့မည်။ လောင်းကြေးက ၁၂နာရီ ၅မိနစ်မှာ ပိတ်မှာ ဖြစ်သည်။ကန်တင်း ထောင့်မှာ ကျောပေးပြီး ထိုင်နေတော့ သူ့ကို ဘယ်သူကမှ မမြင်ကြဘူး သူ နာရီကို ကြည့်လိုက်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...