22 . အပို စီးပွားရေး
ရှဲ့စန်း သည် မှတ်ချက်များကို ကြည့်လိုက်သည်၊ သူ့ လက်ချောင်းများ လှုပ်ရှားလိုက်ပြီး ကော်ပီကူးဖို့ လုပ်လိုက်သည်၊ စာမေးပွဲမှာ သူက ပထမနေရာတောင် ရခဲ့တဲ့အတွက် အပင်ဌာနကြီးကတော့ သွားပြီလို့ သူလည်း ခံစားမိလိုက်သည်။
ထပ်နေတဲ့ မှတ်ချက်တွေကို ပိတ်ချလိုက်ပြီး ဆက်လက် ဖတ်နေလိုက်သည်။ တစ်မိနစ်လောက် ဖတ်ပြီးတဲ့နောက်မှာ သူသိချင်တဲ့ အချက်အလက်ကို ရရှိခဲ့သည်။အပင်ဌာနက ရှင်းချန် တက္ကသိုလ်ရဲ့ အမှိုက်ဌာနဖြစ်နေတယ်ဆိုတာ အမှန်ပဲ။
တက္ကသိုလ်တိုင်းမှာ အပင်ဌာနတွေက အဆိုးဆုံးဖြစ်နေပေမယ့် ရှင်းချန်တက္ကသိုလ် အပင်ဌာနကတော့ ရှင်းချန်မှာ အကောင်းဆုံးဖြစ်နေသေးသည်။ ဘရန့်ဒ်ဂြိုလ်မှာရှိတဲ့ မြို့ကြီး၃မြို့ရဲ့ မြေဆီလွှာတွေက အပင်တွေစိုက်ပျိုးဖို့အတွက် အဆင်မပြေဘူး၊ စားလို့ရတဲ့အပင်တွေနဲ့ အလှဆင်တဲ့အပင်တွေ အားလုံးနီးပါး မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီး သုတေသနစခန်း တစ်ချို့မှာပဲ ကြီးထွားလာခဲ့သည်။
သဘာဝအတိုင်းပေါက်လာတဲ့ အပင်တွေက တောရိုင်းသစ်တောတွေထဲမှာ ရှိကြသည်။ တစ်ချို့က အရမ်းရှည်လွန်းပြီး တစ်ချို့မှာ အရမ်း အဆိပ်ပြင်းလွန်းသည်။ အသားစားအပင်များလည်းရှိပြီး ဘရန့်ဒ်ဂြိုလ်ရှိ လူများက ရှောင်ကြဥ်ခဲ့ကြသည်။
အဲ့ဒါကြောင့် အပင်ဌာနက သီအိုရီနဲ့ပတ်သတ်တာ အားလုံးနီးပါးကိုသာ သင်ကြာ်းပေးနိုင်ခဲ့ပြီး လက်တွေ့အသုံးချခွင့်မရကြချေ။ အပင်တွေ အားလုံးနီးပါးကို ပုံအနေဖြင့်သာ သိရှိခဲ့ကြသည်။
ဘွဲ့ရပြီး အလုပ်ရှာရတာ ပိုလို့တောင်ခက်ခဲသေးသည်။ အပင်အဖွဲ့အစည်းကလွဲပြီး ဘယ်နေရာကမှ အပင်ဌာနက ကျောင်းသားကို အလုပ်မခန့်ကြဘူး၊ ပြုစုရမယ့် အပင်နဲ့ စိုက်ပျိုးရမယ့် အပင်များလည်း မရှိကြပေ။ ဒါပေမယ့် အပင်သုတေသနက အရေးကြီးသောကြောင့် ဘရန့်ဒ်ဂြိုလ်ရှိ ကောလိပ်တိုင်းမှာ အပင်ဌာနကို ဖွင့်လှစ်ပေးထားကြသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...