Chapter 61 : ထင်မြင်ချက်ပေးခြင်း
ရှဲ့စန်း ငိုကြွေးပြီးနောက် နယ်မြေခွဲဝေရန် ဝိုင်းဖွဲ့ ဆွေးနွေးနေကြသော သားရဲများကို ကြည့်ကာ ရယ်မောလိုက်သည်။ ဧရာမ ဝံပုလွေသားရဲနှင့် ဧရာမ ကြံ့သားရဲတို့၌ ဘာအကြံမှ မရှိပေ။ ဧရာမ ကျားသားရဲ က သူတို့ရဲ့ မူလနယ်မြေ ကို အရုပ်များ ထားရှိရန် နေရာအဖြစ် အသုံးပြုသင့်ကြောင်း အကြံပြုခဲ့သည်။
အချိန် အတော်ကြာ ဆွေးနွေးပြီးနောက် သားရဲများ နေရာကွဲသွားသည်။ ဧရာမ ကျားသစ်သားရဲက ပျော့ပျောင်းတဲ့ ကူရှင်ကို ရွှေ့ရန်သွားစဉ် ဧရာမ ကျားသားရဲနဲ့ ခြင်္သေ့ကြီးတို့က သတ္တုစပ်ဘောလုံးများ ကို တွန်းထုတ်ကာ လွတ်သွားတဲ့ နေရာတွင် ထားလိုက်ကြသည်။
ဧရာမဝံပုလွေသားရဲနဲ့ ကြံ့ကြီး.တို့ နှုတ်ဆက်ပြီးနောက်၊ ဟောင်ဖန်း နှင့် ကျောင်းဟောင် တို့က သူတို့အား နေရာလွတ်ထဲသို့ ဆင့်ခေါ်ခဲ့သည်။
ကျောင်းဟောင် က ရှဲ့စန်း ကို ကြည့်ပြီး "ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အကူအညီလိုရင် ငါ့ဆီ တိုက်ရိုက်လာနိုင်ပါတယ်။ ငါ အခု သွားတော့မယ်"
ရှဲ့စန်း က ယဉ်ကျေးမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ"
ကျောင်းဟောင် ထွက်သွားပြီး မကြာခင် ရှဲ့စန်း၊ မိုင်နဲနဲ့ ဟောင်ဖန်း တို့က ကျင်းကျန်ကနေ ထွက်သွားကာ အနီးနားက စားသောက်ဆိုင်ကို သွားလိုက်ကြသည်။
သူတို့ ထိုင်ပြီးနောက် ရှဲ့စန်း က ဟောင်ဖန်း ကို တိုက်ရိုက်မေးလိုက်သည်။
"ငါတို့ 15 ရက်နေ့မှာ Aဂြိုလ်ကို သွားမယ်။ စီစဉ်ပေးနိုင်မလား?"
"ကိစ္စမရှိပါဘူး" ဟောင်ဖန်း က သူ့လက်ကတ်ကို ဖွင့်ကာ အဆက်အသွယ် အချက်အလက်ကို ဖလှယ်လိုက်သည်။ Formတစ်ခုစီကို သူနဲ့ မိုင်နဲအား ပေးလာသည်။
"လျှောက်လွှာကို ဖြည့်လိုက်ပါ၊ ကျန်တာကို ငါ ဂရုစိုက်လိုက်ပါ့မယ်"
ရှဲ့စန်း က Formကို ဖွင့်ပြီး နေ့လယ်စာ စောင့်ရင်း ဖြည့်လိုက်သည်။ မိုင်နဲ လည်း မြန်မြန်ဖြည့်ပြီး ဟောင်ဖန်း ကို အတူတူ ပို့လိုက်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...