Chapter 19. အိမ်ပြောင်း နေခြင်း
မိုင်နဲ အိမ်ပိုင်ရှင်ကို ထိုးတာကြည့်ပြီး ရှဲ့စန်း အံ့သြမှင်သက်နေခဲ့သည်။ သူ(အိမ်ပိုင်ရှင်)က မိုင်နဲ နဲ့ အရွယ်အစားအတူတူလောက် ရှိပေမယ့် သူရဲ့ ထိုးနှက်ချက်တွေကို မိုင်နဲက ကာကွယ်နိုင်နေပြီး သူကတော့ သူ့ကိုယ်သူတောင် မကာကွယ်နိုင် ဖြစ်နေသည်။ မိုင်နဲ အေးစက်စွာနဲ့ အိမ်ပိုင်ရှင်ကို အပေါ်ကနေ အောက်ကို ကန်ချလိုက်တော့ အရိုက်မခံရအောင် ရှောင်နေတဲ့ ရှဲ့စန်းရှေ့ကို လိမ့်ပြီး ပြုတ်ကျလာခဲ့သည်။
မိုင်နဲ အောက်ဆင်းလာတာမြင်တာနဲ့ အိမ်ပိုင်ရှင်က မြေကြီးပေါ်ကနေ ထလိုက်ပြီး နံရံကိုမှီကာ
" တကယ်လို့ မင်း ငါ့ကို ထပ်ထိလာမယ်ဆိုရင် ငါရဲခေါ်လိုက်မှာနော် "
မိုင်နဲ အောက်ကို ဆင်းလာပြီး တစ်ခွန်းမှမပြောဘဲ လက်ကိုမြှောက်လိုက်ပြီး မျက်နှာကို ထိုးချလိုက်သည်။ တစ်ချိန်တည်းမှာပဲ တစ်ချက်ကန်လိုက်သေးသည်။
မိုင်နဲ ထပ်လုပ်တော့မှာ မြင်လိုက်တော့ လက်မောင်းလှမ်းဆွဲလိုက်ပြီး
" မင်း ထပ်ထိုးမယ်ဆိုရင် တစ်ခုခု ဖြစ်သွားလိမ့်မယ် "
လူကို ထိုးနှက်နေချိန်မှာ မိုင်နဲ မျက်လုံးတွေက အေးစက်နေသည်။ သူ့လက်တွေက ရက်စက်ပြီး စာနာမှု ကင်းမဲ့နေသည် ။ ရှဲ့စန်း စိတ်မသက်မသာ ဖြစ်သွားသည်။ သူက ဒီလူနဲ့ ဗီလိန်ဘော့စ်က တစ်ယောက်တည်းပဲလို့ ခံစားလိုက်ရသည်။
မိုင်နဲ သူ့ကို လှည့်ကြည့်လာပြီး အပေါ်အောက် ကြည့်ကာ သူအဆင်ပြေတာမြင်မှ မျက်နှာ အမူအယာနည်းနည်းလျော့သွားသည်။ သူ အိမ်ပိုင်ရှင်ကို သတိပေးလိုက်သည်။
" တကယ်လို့ အနာဂတ်မှာ သူ့ကိုတွေ့ရင် ရှောင်ဖြစ်အောင် ရှောင်သွား "
အိမ်ပိုင်ရှင်က နာကျင်နေတဲ့အတွက် ဘာမှပြန်မပြောခဲ့ဘူး၊ အဲ့ဒါကြောင့် မိုင်နဲ က
" ငါပြောတာ မကြားဘူးလား "
" ဟုတ်ကဲ့ ၊ ကြားပါတယ် " အိမ်ပိုင်ရှင် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေသည် ။ ဒီလူငယ်လေးက ငယ်တဲ့ပုံပေါ်ပေမယ့် စာနာစိတ် ကင်းမဲ့လွန်းသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...