Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု
ရှဲ့စန်း က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ထွမ်းထွမ်းရဲ့ စကားကို ဘာသာပြန်ပြလို့ မရနိုင်တာကြောင့် သူက
"ဘာမှ မဟုတ်ပါဘူး၊ သူက ဧရာမ ကြောင်မြီးတို သားရဲကို သင်ပေးနေတာ။ ဧရာမ ကြောင်မြီးတို သားရဲ က သူ့ရဲ့ သားရဲသခင် ကို ရှာဖွေချင်နေပြီး လက်စားချေဖို့ ကူညီချင်နေတာ"
အရပ်ရှည်တဲ့ သက်လတ်ပိုင်း ဆရာဝန်က ပြုံးပြပြီး ဧရာမ ကြောင်မြီးတို သားရဲကြီး ကို ကြည့်ကာ ကိရိယာထားတဲ့ အခန်းကို ကြည့်လိုက်သည်။
"သူတို့ကို သပ်သပ်စီ ခွဲပြီး ထိန်းထားသင့်တယ်"
မုလင်း က "ဧရာမ ကြောင်မြီးတို သားရဲရဲ့ တုံ့ပြန်မှု ကို ကြည့်လိုက်ရင် ဒါက ဖြစ်သင့် ဖြစ်ထိုက်ပါတယ်" သူ မျက်မှောင် ကြုတ်လိုက်သည်။ "သူက စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု ကင်းမဲ့နေပြီး စိတ်ငြိမ်ဆေး လိုနေတယ်"
ရှဲ့စန်းရဲ့ သဘာဝအော်ရာ က သားရဲအပေါ် သက်ရောက်မှု မရှိတာ ပထမဆုံး အကြိမ်ဖြစ်သည်။ ကျယ်လောင်နေတဲ့ အသံကနေ ပို၍ တိတ်ဆိတ်သွားပြီး ဧရာမ ကြောင်မြီးတို သားရဲကို ကြည့်လိုက်သည်။ သူက သူ့ရဲ့သခင်ကြောင့် ဒဏ်ရာ ရထားပြီး ဆက်နွယ်တာကို ဖျက်ထားတာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ က အရမ်း ဆိုးဝါးနေသည်။
အခုလေးတင်၊ အင်အား အလွန်အကျွံ သုံးကာ ထွမ်းထွမ်းနဲ့ ငြင်းခုံနေခဲ့သည်။
ရှဲ့စန်း က ဧရာမ ကြောင်မြီးတို သားရဲကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သားရဲရဲ့ သွေးနီရောင်မျက်လုံးတွေ က သူ့ဆီ လှည့်လာသည်။ ဧရာမ သားရဲကြီး က ခေတ္တရပ်သွားပြီးနောက် ဖောက်ထွင်းမြင်ရတဲ့ နံရံပေါ်သို့ ခုန်ဆင်းကာ ရှဲ့စန်း ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ ထင်ရှားသည်။ အရင်က သူ့ကြောင့် ဒဏ်ရာရသွားတာ ကို မှတ်မိနေသေးသည်။
ရှဲ့စန်း လန့်သွားပြီး မသိစိတ် က နောက်ပြန်ဆုတ်သွားသည်။
ထွမ်းထွမ်း က ရှဲ့စန်း အရှေ့ကို ပြေးလာပြီး
{"လူဆိုးကောင်၊ နောက်ပြန်ဆုတ်စမ်း! မင်း ဘယ်သူ့ကို လာခြောက်နေတာလဲ။ ဒီမှာ တံခါးရှိရင် ငါ ဝင်လာပြီး မင်းကို အသေ သတ်ပစ်မယ် ဆိုတာ ယုံလား? အခု မင်းရဲ့ ဆိုးဝါးနေတဲ့ အသွင်အပြင် ကို ကြည့်စမ်းပါ၊ မင်း ဘာလို့ ဒီလောက်တောင် ရက်စက်နေတာလဲ"}
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...