ရှဲ့စန်း ကားခရီးသည်ထိုင်ခုံမှာ ထိုင်လိုက်ပြီး အပင်ဌာနရဲ့ စာမေးပွဲ အကြောင်းတွေးနေမိသည်၊ သူမေးလိုက်သည်၊ " မနေ့က စာမေးပွဲ ဖြေခဲ့ရတယ် မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီနေ့ထပ်သွားဖို့ လိုတာလဲ "မိုင်နဲ လမ်းကြောင်းသတ်မှတ်လိုက်ပြီး ပြန်ဖြေလာခဲ့သည် " သတင်းအချက်အလက်ဌာနက စာမေးပွဲ ၃ရက် ဖြေရတယ် "
ရှဲ့စန်း စိတ်ထဲကနေ တွေးလိုက်ပြီး ရယ်လိုက်သည် အဲ့ဒါဆို သူက သတင်းအချက်အလက်ဌာနကပေါ့ " ငါတို့ အပင်ဌာန စာမေးပွဲက တစ်မနက်တည်းနဲ့ ပြီးတယ် မင်းတို့ထက် လွယ်တဲ့ပုံပဲ "
မိုင်နဲ သူ့ကို စိတ်ရှုပ်ထွေးတဲ့ မျက်လုံးနဲ့ကြည့်လာပြီး " ဌာနအားလုံးထဲမှာ အပင်ဌာနက အလွယ်ဆုံးပဲဆိုတာ မင်းမသိဘူးလား "
ရှဲ့စန်း နည်းနည်းကွယ်ပြီး ရယ်လိုက်သည်။ သူ မေ့သွားတာမဟုတ်ဘူး လုံးဝကို မသိတာ ။
ကားက ကျောင်းက ကားparkingမှာ ဆင်းလိုက်တဲ့အချိန် ရှဲ့စန်း ပြောလိုက်သည် " ငါ့ စာမေးပွဲအခန်းက ဆောက်အအုံ ၈ မှာ မင်းက ဘယ်မှာလဲ "
" ဆန့်ကျင်ဘက်မှာရှိတဲ့ အဆောက်အအုံ ၁ မှာ "
" အဲ့ဒါဆို သပ်သပ်စီသွားရအောင် ငါ့ကားကို သွားကြည့်ဖို့ လိုနေသေးလို့ " ရှဲ့စန်းပြောလိုက်ပြီး " အာ~~ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လဲကြရအောင် "
မိုင်နဲ ခေါင်းညိတ်လိုက်ကာ လဲလှယ်လိုက်ပြီး အရင်ထွက်သွားခဲ့သည်
သွားလာရေး မြေပုံကနေ ကားရဲ့တည်နေရာကို ရှာတွေ့ခဲ့သည် သူ့ကားက လမ်းပေါ်မှာ အတွေ့များတဲ့ ပုံစံရှိပြီး အပြာနုရောင်လေးဖြစ်သည် သွားရမယ့်နေ့ရာချမှတ်လိုက်ပြီး parkingကနေ ထွက်လာခဲ့သည် ကျောင်းမြေပုံကို ဖွင့်လိုက်ပြီး စာမေးပွဲအခန်းရှိတဲ့ အဆောက်အအုံ ၈ ကို မြေပုံအတိုင်း မောင်းသွားလိုက်သည်
သူကျောင်းကို လမ်းလျှောက်လာပြီး မကြာခင်မှာ ရှဲ့စန်း တစ်ခုခုမှားနေကြောင်း သတိထားမိလိုက်သည် ဖြတ်သွားတဲ့ ကျောင်းသားတွေက သူ့ကိုမြင်တာနဲ့လန်ုသွားကာ သူ့ကိုကြည့်ပြီး သူတို့အချင်းချင်း တစ်ခုခုကို တီးတိုးပြောနေကြသည်
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...