Chapter 51: တွယ်ကပ်နေခြင်း
မိုင်နဲ က ရှဲ့စန်း ကို ချီလိုက်ကာ ရှဲ့စန်းရဲ့ အိပ်ခန်းတံခါးကို ကန်ဖွင့်လိုက်ပြီးနောက် ခြေထောက်ဖြင့် ကန်၍ ပြန်ပိတ်ပစ်လိုက်သည်။ သူက ရှဲ့စန်းကို ကုတင်ပေါ် တင်လိုက်ပြီး ရှဲ့စန်း ကို သူ့အောက်မှာ ထားလိုက်သည်။ သူ့ကိုယ်သူ လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး ရှဲ့စန်းရဲ့ ဘောင်းဘီ ကို အခြားတစ်ဖက်နှင့် ဆွဲယူလိုက်သည်။
ရှဲ့စန်း သူ့ခြေထောက်တွေ ကို ကွေးလိုက်သည် ။ သူရဲ့ လုပ်ဆောင်ချက်ကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်ဖြစ်သွားသည်။ မိုင်နဲ က သူ့ကို ငုံ့ကြည့်သည်။ သူ က
"ဘာရယ်တာလဲ?"
ရှဲ့စန်း က သူ့့လည်ပင်းကို ဆွဲချကာ နမ်းလိုက်သည်။ “ဒါက mission မဟုတ်ဘူး။ အလျင်စလို လုပ်စရာမလိုပါဘူး။ တခြား လုပ်စရာတွေ ရှိသေးတယ်”
တစ်နာရီ ကြာပြီးနောက် ရှဲ့စန်း ခေါင်းအုံးထောင့်ကိုကိုက်ရင်း အိပ်ယာပေါ်တွင် လဲလျောင်းနေသည်။ လွန်ခဲ့တဲ့ တစ်နာရီက သူ့ကိုယ်သူ ဝက်ခေါင်းဖြစ်တဲ့ အထိ ထိုးကြိတ်ပစ်ချင်နေသည်။
လုပ်နိုင်တာတွေ အများကြီးရှိပြီး အတွေ့အကြုံ မရှိတဲ့ မိုင်နဲ က ပြီးခဲ့တဲ့ ၁နာရီ ဒါမှမဟုတ် အဲဒီထက် ပိုတဲ့အချိန်တွင်းမှာ အရည်အချင်းရှိတဲ့ ခုန်ပျံကျော်လွှားမှုတစ်ခု လုပ်ခဲ့သည်။ ပျော်စရာ ကောင်းတဲ့ အရုပ်တစ်ရုပ်ကို ရလိုက်သလိုပဲ မိုင်နဲရဲ့ လူးလှိမ့်ခြင်း ကို ခံခဲ့ရပြီး သူ့ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ အမှတ်အသား ချန်ထားခဲ့ဖို့ စိတ်အားထက်သန်နေခဲ့သည်။
ကောင်းတဲ့ အချက် က ဆက်နွယ်သားရဲ အဖွဲ့အစည်းမှ ရခဲ့သော သတိပေးချက် ကို သူ မှတ်မိနေသေးသည်၊ အဲဒါကြောင့် သူတို့ ၂ယောက် က နောက်ဆုံး အဆင့်သို့ မတက်ခဲ့ပေ။ ခြေတစ်လှမ်းမျှသာ ရှိသော်လည်း အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။
ရှဲ့စန်း ခြေထောက်ရွှေ့ကာ ခြေကျင်းဝတ် အား ကိုက်နေသော ချောမောတဲ့လူ ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ ခွေးကြီးတစ်ကောင်နဲ့ မခြားပေ။ သူ ပြောစရာ စကားမရှိ ဖြစ်သွားသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...