Chapter 92: ကိုယ်ဝန်
ရှဲ့စန်း အက်ဒမ်ရဲ့ အသံကို ကြားတော့ ချက်ချင်း ပြုံးလိုက်သည်။ ("ငါ အပင်အမျိုးအစား ၆၀ လောက်ကို အသက်သွင်းခဲ့တယ်။ အခု ဘယ်လိုခံစားရလဲ")
အက်ဒမ်ရဲ့ အသံ က ကျယ်လောင်ပြီးရင်း ကျယ်လောင်လာပြီး ("မျိုးစိတ် ၆၀? ကြည့်ရအောင်...အဲဒါက မယုံနိုင်စရာပဲ!")သူ့အသံ က ခဏရပ်သွားပြီး ("အားစန်း မင်းက အရမ်း တော်တာပဲ။ အရမ်း ကောင်းတယ် လို့ ခံစားရတယ်")
သူ့အသံက စိတ်လှုပ်ရှားပြီး အားအင်တွေ ပြည့်နေမှန်း သိသာသည်။ ရှဲ့စန်းရဲ့ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
("အဲဒါဆို ကောင်းတယ်။ ဒီစွမ်းအင်တွေ အကုန်လုံး က ငရုတ်သီးကြောင့် ရတာမလို့ မင်းက အဲဒါကို ရှာတဲ့သူပဲ")
အက်ဒမ် အပင် က ထွက်လာတဲ့ စွမ်းအင်ကို ခံစားလိုက်ရပြီး တက်ကြွနေတဲ့ အသံဖြင့်
("မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အားစန်း က အတော်ဆုံးပဲ။ ငရုတ်သီးကိုလည်း မင်း အသက်သွင်းပေးထားတာလေ။ အဲဒါက ကောင်းလိုက်တာ။ လက်ကျန် ရေစွမ်းအင်ကို အာရုံခံနိုင်ဖို့ ကြိုးစားကြည့်မယ်")
သူ ငြိမ်သွားပြီး ရှဲ့စန်း က သူ့ကို မနှောင့်ယှက်ခဲ့ပေ။ ခဏအကြာတွင်၊ အက်ဒမ် အံ့သြစွာနဲ့ ("ဒါက ဘယ်လိုဖြစ်ရတာလဲ!")
ရှဲ့စန်း က ("ဘာဖြစ်တာလဲ") လို့ မြန်မြန် မေးလိုက်တယ်။
အက်ဒမ် က ဝိုးတဝါးအသံဖြင့် ("ဟင့်အင်း၊ ဘာမှမဟုတ်ဘူး။ ငါ ထင်ယောင်ထင်မှား ဖြစ်တာ ဖြစ်နိုင်တယ်")
ရှဲ့စန်း မျက်ခုံးပင့်လိုက်သည်။ စနစ်တစ်ခုနဲ့ ထင်ယောင်ထင်မှား ဖြစ်တာလား။
အက်ဒမ် က သူ့ရဲ့ အာရုံခံစားမှု ကို အမြင့်ဆုံး မြှင့်တင်ဖို့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအင် ကို အသုံးပြုခဲ့သည်။ သူ ရေစွမ်းအင်ကို အာရုံခံမရသော်လည်း အဲဒါအတွက် ပြင်ဆင်ထားပြီး အာရုံခံစားမှု ကို တိုးစေနိုင်သည့် အပင်စွမ်းအင် ကို လှုံ့ဆော်ပေးခဲ့သည်။
သူ စွမ်းအင်တွေ စုဆောင်းနေချိန်မှာ အပင်ရဲ့ စွမ်းအင်ကို ဆွဲထုတ်လိုက်သလို ခံစားရပြန်သည်။ သူ့အား စွမ်းအင်ကို အသုံးမပြုရန် တားဆီးထားသည့် ပြောင်းပြန်စက် တစ်ခု ရှိနေသည်။ သူက ခုခံမှုရဲ့ အရင်းအမြစ်ကို ဂရုတစိုက် အာရုံခံခဲ့ပြီး အရင်က ကဲ့သို့ပင် နိဂုံးချုပ်သွားခဲ့သည်။ အဲဒါ က လူသားတစ်ဦးနဲ့ သက်ဆိုင်ပြီး အားနည်းတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...