Chapter 74 : နိုးထလာခြင်း
"ဖျားတာ၊ ကိုယ်ပူတာလား?"
ပိုင်ကျောင်း က ဆရာဝန် တစ်ယောက်အနေနဲ့ ဖျားနာမှုတွေ ကို အထူး သတိထားသည်။ သူက ရှေ့တိုးပြီး
"အဖျားက ဘယ်လိုမျိုးလဲ၊ နဖူးလား၊ တစ်ကိုယ်လုံးလား? တခြား လက္ခဏာတွေ ရှိသေးလား။ အန်ချင်သလိုမျိုးလေ"
သူက ဘရန့်ဒ်ဂြိုလ် ဆေးပညာ သမိုင်းကို လေ့လာခဲ့ပြီး မူလအစ ရှေးခေတ်တွင် ယေဘုယျအားဖြင့် မျိုးနွယ်စုတွင် ဆရာဝန် တစ်ဦးတည်းသာ ရှိပြီး အကြီးအကဲနောက် ဒုတိယ လိုက်သော ပယောဂဆရာ ဖြစ်သည်။ ပယောဂဆရာ က တစ်စုံတစ်ဦးရဲ့ ရောဂါကို မကုနိုင်ခဲ့ပါက သားရဲနတ်ဘုရား က ထိုလူကို ခေါ်ဆောင်သွားကြောင်း မကြာခဏ ကောက်ချက်ချလေ့ရှိတဲ့ သာဓကများစွာ ကို သူမြင်ဖူးခဲ့သည်။
စာအုပ်တွေ ဖတ်တဲ့အခါ အရိုးရှင်းဆုံး အအေးဓာတ်က လူတစ်ယောက် အသက်ကို ယူဆောင်သွားနိုင်တဲ့ ရှေးခေတ် ဆေးပညာရဲ့ နောက်ကျကျန်ခဲ့မှု အတွက် စိတ်မကောင်း ဖြစ်ခဲ့ဖူးသည်။ လက်ရှိ အခြေအနေ က စာအုပ်ထဲကလို ဖြစ်နေတဲ့ အတွက် ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်ချေ။
"မင်း ဘယ်လိုသိတာလဲ?"
အသားမည်းတဲ့ အမျိုးသားတစ်ဦးက သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်။
"ဆံပင် အဖြူ? မင်းက ငှက်မွှေးဖြူ မျိုးနွယ်စုရဲ့ ကုသသူလား?"
"ငါက ငှက်မွှေးဖြူ က မဟုတ်ပါဘူး၊ ငါက သမားတော်တစ်ယောက်ပါ"
ပိုင်ကျောင်းရဲ့ အသံက ရှင်းရှင်းလင်းလင်း ဖြစ်နေပြီး အလျှင်လိုတာ မရှိပေ။
"ဖျားနေတဲ့ ကာဘူကို ကြည့်လို့ရမလား"
ထိုလူ က ထူးထူးခြားခြား စိတ်ဝင်စားနေသော်လည်း ပိုင်ကျောင်းရဲ့ မူလအစ ဇစ်မြစ်မှာ လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ သူ မစွန့်စားရဲချေ။ သူ့အဖော်တွေက သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေ ကို ထုတ်ပြောကြသည်။ လူအုပ်က အဲဒါကို ခဏလောက် ဆွေးနွေးခဲ့ပေမယ့် နားမထောင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ရှဲ့စန်း သန်မာတဲ့ အမျိုးသားတွေရဲ့ စုတ်ဖြဲချင်နေတဲ့အကြည့်တွေ ကို မြင်တော့
KAMU SEDANG MEMBACA
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomansaThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...