Chapter 38 : အမှီလိုက်ခြင်း
ရှဲ့စန်း တတ်နိုင်သမျှ မြန်မြန် ပြေးထွက်ခဲ့ သော်လည်း မိုင်နဲ ကို မတွေ့ရတော့ပေ။ သူ စင်္ကြံ တစ်လျှောက်လုံး ပြေးသွားပြီး ကော့စ် မိသားစုအိမ်မှ ထွက်ခဲ့သည်။ ကော့စ်အိမ်၏ ညာဘက်ရှိ ကားပါကင်တွင် ရုတ်တရက် အလင်းရောင် တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင် က ညဘက်တွင် စက်နှိုးလိုက်သည့် လွန်းပျံယာဉ်၏ တောက်ပသော အလင်းရောင် ဖြစ်သည်။ သူကြည့်လိုက်တော့ မိုင်နဲ၏ လွန်းပျံယာဉ် ဖြတ်သွားသည်ကို မြင်လိုက်ရသည်။
သူ လမ်းဘေးသို့ ပြေးသွားကာ ငှားလို့ရတဲ့ လွန်းပျံယာဉ်ကို တားလိုက်သည်။ မြင်ကွင်းမှ ပျောက်ကွယ်တော့မည့် လွန်းပျံယာဉ်ကို သူညွှန်ပြလိုက်သည်။
“ဆရာ၊ တတ်နိုင်သမျှ မြန်မြန်လေး လိုက်ပေးပါ ”
ကားသမားက တတ်နိုင်သမျှ မြန်မြန် မောင်းပြီး နောက်ကြည့်မှန်ကို ငုံ့ကြည့်လိုက်သာ်။
"မင်း ဘာဖြစ်လို့ သူ့အနောက်ကို လိုက်နေတာလဲ?"
ရှဲ့စန်း ယာဉ်မောင်းသူက မကောင်းတာ တစ်ခုခုလုပ်ရန် တစ်စုံတစ်ဦး နောက်သို့ လိုက်ခိုင်းမည်ကို စိုးရိမ်နေကြောင်း မှန်းဆမိပြီး "သူ စိတ်ထိခိုက်ပြီး စိတ်ဆိုးနေတယ်" ဟု ရိုးရိုးရှင်းရှင်း ပြန်ဖြေခဲ့သည်။
ကားမောင်းသူက ရှဲ့စန်း၏ စိုးရိမ်သောက ရောက်နေသော မျက်လုံးများကို မြင်ပြီးနောက် သူ၏ ပိန်သောခန္ဓာကိုယ်ကို ကြည့်ကာ "မင်းရည်းစားနဲ့ ရန်ဖြစ်ခဲ့လို့လား" ဟု နောက်ပြောင် ပြောဆိုခဲ့သည်။
ရှဲ့စန်း နောက်ပြောင်သည့် ခံစားချက် လုံးဝ ရှိမနေပေ။ မိုင်နဲရဲ့ ဒဏ်ရာနဲ့ သူ့ရဲ့ နောက်ဆုံးအမူအရာကို တွေးနေမိသည်။ သူ့နှလုံးသားက နာကျင်နေပြီး စိတ်မပူဘဲ မနေနိုင်ပေ။ “မြန်မြန် သွားလို့ ရမလား?” ဟု တိုက်တွန်းခဲ့သည်။
“ငါ က ကန့်သတ်ထားတဲ့ အမြန်နှုန်း အထိ ရောက်နေပြီးသားပါ၊ စိတ်မပူပါနဲ့၊ ငါတို့ သူ့ကို မပျောက်နိုင်ပါဘူး။ သူ ဒီလောက် အမြန်ပဲ သွားနိုင်တာပါ"
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...