Chapter 86 : ပင်လယ် သတ္တဝါကြီးများ
“ခဏနေဦး”
လန်နီ ပြောပြီးတာနဲ့ ရှဲ့စန်း က ကမန်းကတန်း ပြောလိုက်သည်။ ဝေလငါးပြာ က အခုဘယ်မှာလဲ ဟု ဆိုင်မွန် ကို မေးလိုက်သည်။
ဆိုင်မွန် က မဖြေဘဲ လန်နီကို ကြည့်လိုက်သည်။ လန်နီ က ခေါင်းညိတ်ပြတော့မှ ဆိုင်မွန် က “အပြာရောင် ဝေလငါးကြီးက ပင်လယ်တစ္ဆေ အဆောက်အဦးရဲ့ အနောက်ဘက် ကီလိုမီတာ ၂၆၀ မှာ ရှိနေတယ်။သူ့ရဲ့ လက်ရှိ အရှိန်နဲ့ဆိုရင် ၁၀မိနစ် မပြည့်မီခင် ခရီးသွားတွေနဲ့ တွေ့လိမ့်မယ်”
ရှဲ့စန်း မျက်မှောင်ကြုတ်လိုက်သည်။ အဲဒီကို ချက်ချင်းရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
အပြာရောင် ဝေလငါးနဲ့ ပါလာတဲ့သူတွေရဲ့ IO က အရမ်း ကောင်းတယ်။ မကြာခင်က အပြာရောင် ဝေလငါးကြီး သည် ဆက်နွယ်သားရဲတွေ ကို စောင့်ရှောက်ပေးမည် ဟု ကတိပြုကာ ထွက်မတွေ့ဘဲ ပုန်းအောင်းနေခဲ့သည်။ အကြောင်းပြချက် မရှိဘဲနဲ့ ထွက်မလာလောက်ဘူး။
မဟုတ်သေးဘူး၊ တစ်ခုခု ဖြစ်နေတာ ဖြစ်ရမယ်။ ဖြစ်နိုင်တာကတော့ သူ့ကို ရှာနေတာလား
ရှဲ့စန်း လျင်မြန်စွာ တွေးတောပြီး “ဟိုမှာ တစ်ယောက်ယောက် ရှိလား” ဟု ဆက်မေးလိုက်သည်။
ဆိုင်မွန် က လေးနက်တဲ့ မျက်နှာနဲ့ ခေါင်းညိတ်လိုက်သည်။
“အင်း၊ ငါတို့ အဆင်သင့် ရှိနေတယ်။ ငါတို့ ခြေလှမ်းစဖို့ အဆင်သင့်ပဲ၊ ရှေ့ကို ဆက်မလာနိုင်အောင် ရပ်တန့်ထားတယ်”
“ဝေလငါးပြာ က ငါတို့ရဲ့ သူငယ်ချင်းပါ။ မင်း သူ့ကို ထိခိုက်အောင် လုပ်လို့မရဘူး!" လောင်ထန်း က ထအော်လိုက်တယ်။
လန်နီရဲ့ မျက်လုံးတွေ အနည်းငယ် ကျဥ်းမြောင်းသွားသည်။ "သူငယ်ချင်း?"
ရှဲ့စန်း က “ဟုတ်ပါတယ်။ သူ့ကို လူတွေ မတိုက်ခိုက်စေနဲ့။ အပြာရောင် ဝေလငါးကြီး က အကြီးကြီးပဲ။ ပဋိပက္ခဖြစ်ရင် မလွဲမသွေ အသေအပျောက်တွေ ရှိလာလိမ့်မယ်။ ငါ့ကို ယုံပါ၊ သူ လူတွေကို တိုက်ခိုက်မှာ မဟုတ်ဘူး"
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...