Chapter 58 : တွေ့၍ နှုတ်ဆက်ခြင်း
ရှဲ့စန်း မိုင်နဲရဲ့ ပေါ့ပေါ့ပါးပါး ညည်းညူသံ ကို ကြားရပြီးနောက် ဟောင်ဖန်းရဲ့ နောက်လာမည့် မက်ဆေ့ချ်ကို ကြည့်ရန် အချိန်မီ လှမ်းကြည့်လိုက်သည်။
ဟောင်ဖန်း ၊ [အေးဆေးလုပ်ပါ၊ မင်းရဲ့ယောက်ျားကို ငါ စိတ်မဝင်စားဘူး။ ဧရာမ ဝံပုလွေသားရဲအကြောင်းပဲ သူ့ကို မေးချင်တာ]
ရှဲ့စန်း မိုင်နဲ နဲ့ အလုပ် တွဲလုပ်နေတဲ့ စက်ရုပ်ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ သူဌေး ဟောင်ဖန်း ဆိုတဲ့ နာမည်ကို မှတ်မိနေခဲ့သည်။ ဟောင်ဖန်း က ဧရာမ ဝံပုလွေသားရဲအကြောင်း ပြောနေတာမြင်တော့ သူက မိုင်နဲ ကို မေးလိုက်သည်။
"သူက 'ဖန်း' လား?
မိုင်နဲ က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ သူက ဧရာမ ဝံပုလွေသားရဲ သခင်လေ”
ရှဲ့စန်း တွေးကြည့်တော့ အံ့သြစရာ မဟုတ်ပေ။ “သူက liveမှာ လက်ဆောင်တွေ အများကြီး ပေးခဲ့တယ်။ ငါ သူ့ကို သတ္တုစပ် ဘောလုံးကို စိတ်ကြိုက်လုပ်ခိုင်းပြီး မှာထားသေးတယ်”
“တွေ့တယ်” ဟု မိုင်နဲ က ဆိုသည်။ "အဲဒါ ကို ကိုယ် တွေ့တယ်"
ရှဲ့စန်း အနည်းငယ် အံ့အားသင့်သွားပြီး ဂျူလော့စ်ကို သတ်ဖို့ သွားနေချိန် မိုင်နဲ liveကို ကြည့်ဖို့ မမျှော်လင့်ခဲ့ပေ။ မိုင်နဲရဲ့ လက်ချောင်းတွေက မျက်နှာ ဘေးကနေ လည်ပင်း တစ်ဖက်ကို လျှောကျသွားသည်။ သူ့မျက်လုံးတွေ က သူ့ကို စူးစိုက်ကြည့်နေသည်။
"ကိုယ် မင်းကို တစ်ချိန်လုံး စောင့်ကြည့်နေချင်တယ်"
ရှဲ့စန်းရဲ့ နှလုံးသား တုန်လှုပ်သွားပြီး မရယ်ဘဲ မနေနိုင်ပေ။ မိုင်နဲရဲ့ စကားတွေက ပိုပိုပြီး သဘာဝ ကျလာတယ်။ သူ့လက်ကို မြှောက်ကာ မိုင်နဲ လက်ကို ဆုပ်ကိုင်လိုက်ပြီး ကစားလိုက်သည်။ ခဏလောက် စဉ်းစားပြီး
“သူက ဘယ်လိုလဲ? တကယ်လို့ သူက ကောင်းတယ် ဆိုရင် ငါ သူ့ကို ကူပြီး ဧရာမ ဝံပုလွေသားရဲကြီး ကို ဘယ်လိုထင်လဲ လို့ မေးပေးနိုင်ပါတယ်”
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...