Chapter 40 : အစီအစဥ်
ရှဲ့စန်း မိုင်နဲကို အံ့သြစွာ ကြည့်လိုက်သည်။ သူက အပင်ဆက်နွယ် သားရဲသခင် ဖြစ်တာ သူသိနေတာလား? သူ ဘယ်တုန်းက သိခဲ့တာလဲ?မဟုတ်သေးဘူး၊ သူ က လုံးဝမဟုတ်သေးဘူး။
ရှုတာ့ ရယ်လိုက်သည်။ "ငါ မင်းကို ပြောခဲ့သားပဲ၊ မင်းတို့က အတူတူနေကြပြီး၊ မင်းနဲ့ အရမ်း ရင်းနှီးတယ်လေ၊သူမသိဘူးဆိုတာ မဖြစ်နိုင်ဘူး"
ရှဲ့စန်း က မိုင်နဲ ကို အမှန်အတိုင်း မပြောပြခဲ့ပုံကို တွေးမိကာ ရယ်မောလိုက်သည်။ သူက စီးပွားရေး အကြောင်း လမ်းကြောင်းပြောင်းပြီး ရှုတာ့ကို လက်ပြလိုက်သည်။
"ကံမကောင်းစွာပဲ၊ ကျွန်တော်လည်း မကူညီနိုင်ဘူး၊ ဘာလို့ အပင် မပေါက်လာတာလဲ ဆိုတာ မသိဘူး"
"အဆင်ပြေပါတယ်" ရှုတာ့၏ စိတ်ပျက်မှု ကလျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပြောလာခဲ့သည်။
"အပင်သုတေသနက ရေရှည် လုပ်ရတာ၊ ငါ က မျှော်လင့်ချက် ကို မစွန့်လွှတ်ချင်ဘူးလေ၊ အဲဒါကြောင့် မင်းကို ငါလာမေးတာ"
ရှဲ့စန်း အနည်းငယ် စပ်စုချင်သွားပြီး "အဖိုးလည်း အဖွဲ့အစည်း မှာ အလုပ်လုပ်နေတာလား?"
ရှုတာ့ ခဏလောက် တုန်လှုပ်သွားပြီး ပြုံးကာပြောလာသည်။
"ငါက အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ပါ။ ငါ့အလုပ်က အနားယူပြီးတဲ့ နောက်မှာ ငါ စိတ်ဝင်စားတဲ့ အပင်တွေကို သုတေသန လုပ်နေတယ်"
ရှဲ့စန်းခေါင်းညိတ်လိုက်သည်။ "အိုး.. အဲဒါက ဒီလိုပါလား"
ရှုတာ့ နှုတ်ဆက်ဖို့ ထလိုက်ကာ တစ်ချက် စဉ်းစားပြီး
" ပြောရမယ် ဆိုရင် မင်းရဲ့ အထောက်အထား ကို လူတော်တော် များများက သံသယရှိနေကြတယ်၊ မာချွင် ကို မေးဖို့ လူတော်တော်များများက ဖုန်းဆက်လာကြတယ်။ သူက အမြဲတမ်း မရေရာတဲ့ တုံ့ပြန်မှုတွေ ပေးတတ်ပေမယ့် အဲဒီလူတွေ အားလုံးက မှန်းဆနိုင်ကြတယ်"
"ဘာတွေ ခန့်မှန်းနေကြတာလဲ?" ရှဲ့စန်း မေးလိုက်သည်။
"သေချာတာပေါ့၊ မင်းက အပင် ဆက်နွယ်သားရဲ သခင်မှန်း သူတို့ ခန့်မှန်းနေကြပြီ"
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...