Chapter 63 : နဂါးပျံသားရဲ
ရှဲ့စန်း က ခန္ဓာကိုယ် ၁မီတာထက် ရှည်သော အကောင်တွေ ကို ကြောက်သည်။ အထူးသဖြင့် မနီးမဝေးတွင်ရှိပြီး ခန္ဓာကိုယ် အရှည်မှာ ဆယ်မီတာထက်ပိုသော စပါးအုံး မြွေကြီးလို အကောင်တွေ ကို ကြောက်သည်။ အရမ်း ကြောက်စရာကောင်းတယ်။
မသိစိတ်က သူ့အသက်ရှုသံ ကို ထိန်းလိုက်သည်။
"ချစ်ပ်!" သူ့ပခုံးပေါ် နားနေတဲ့ ထွမ်းထွမ်းကတော့ ဆန့်ကျင်ဘက် အနေနဲ့ တုံ့ပြန်မှု တစ်ခုရှိလာသည်။ စိတ်လှုပ်ရှားစွာ အော်ရင်း အတောင်ပံများကို ဝှေ့ယမ်းကာ စပါးအုံးမြွေကြီးဆီသို့ အပြေးအလွှား သွားပြီး သူ့ရဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေ က အလွန် တောက်ပနေတဲ့ အလင်းတန်းများ နှင့် ပြည့်နှက်နေသည်။
ရှဲ့စန်း က "ထွမ်ူထွမ်း ပြန်လာခဲ့!"
ထွမ်းထွမ်း က လေထဲတွင် မဝံ့မရဲ ရပ်လိုက်ပြီး ရှဲ့စန်းကိုကြည့်ကာ သူ့ရဲ့ ညာတောင်ပံကို မြှောက်၍ စပါးအုံးမြွေကို ညွှန်ပြနေလိုက်သည်။
"ချစ်ပ်! ချစ်စ်ပ်!"
ရှဲ့စန်း ဒီတုံ့ပြန်မှုကို အကြိမ်များစွာ မြင်ဖူးသော်လည်း အရင်က သူ့ရဲ့ အတောင်ပံတွေ ညွှန်ပြသည့် အရာများမှာ ဖရဲသီးအခွံများသာ ဖြစ်သည်။ သူက ထွမ်းထွမ်း ကို မယုံနိုင် ဖြစ်နေတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ထွမ်းထွမ်း အကောင်စုတ်လေး! တွေးရဲလိုက်တာ! တစ်ကိုယ်လုံး ကြည့်တော့ လက်တစ်ဆစ် လောက်ပဲ ရှိပြီး ဧရာမ စပါးအုံးမြွေကြီး ကို စားဖို့ စဥ်းစားရဲတယ်
"အန္တရာယ်များလွန်းတယ်" မကျေနပ်စွာ ခေါင်းယမ်းလိုက်သည်။
စပါးအုံးမြွေ က တောင်ရဲ့ ခြေရင်းဘက်သို့ ဆက်လက်ရွေ့လျားသွားသည်။ သူ့ရဲ့ခန္ဓာကိုယ်က နိမ့်တဲ့ အပင်မျိုးစုံကို ဖိမိကာ သူ့ရဲ့ အမြှီးက ချော်သွားကာ သစ်ပင်များကို အလွယ်တကူ ဖျက်ဆီးပစ်နေသည်။
ကံကောင်းပြီး တောင်ရဲ့ ခြေရင်းက ပတ်လည်ဝိုင်းနေကာ စပါးအုံးမြွေကြီး ရွေ့လျားနေသည့် ဦးတည်ရာက ရှဲ့စန်းရဲ့ ဘယ်ဘက်သို့ ဖြစ်နေသည်။ အနီးဆုံး နေရာနှင့် ရှဲ့စန်းရဲ့ တည်နေရာ က ခုနစ်မီတာ (သို့) ရှစ်မီတာအကွာတွင် ရှိနေသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...