Chapter 41 : တတိယမြောက် အပင်
မိုင်နဲရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားပြီး ပြုံးပြုံးလေးနဲ့ သူ့ကို ကြည့်နေသည်။
" ငါက မင်းကို အစ်ကိုလို့ ခေါ်ရမယ်ပေါ့ ?"
ရှဲ့စန်း အန္တရာယ် အရိပ်အမြွက်ကို ခံစားလိုက်ရပြီး ချက်ချင်း လန့်သွားသည်။ နားမလည်နိုင်စွာနဲ့ ရေရွတ်ကာ ပြောလိုက်သေးသည်။
"ငါ က မင်းထက် အသက်ကြီးတာမို့လို့ မင်း ငါ့ကို အဲဒီလို ခေါ်သင့်တယ်"
မိုင်နဲ လက်ကိုဆန့်ကာ သူ့ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ့လေသံက သူ့အတွေးတွေကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီး
"ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဖယ်စမ်းပါ" ရှဲ့စန်း ခေါင်းကို စောင်းကာ သူ့လက်မှ လွှတ်အောင် လုပ်လိုက်သည်။ "ဘာမဆို ဖြစ်နိုင်တယ်၊ ငါ အခုကတည်းက မင်းကို သေချာပေါက် ခေါ်ခိုင်းရမယ်!"
မိုင်နံ၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။
"အဲဒါ က မင်းအပေါ်မှာ မူတည်တယ်လေ"
ရှဲ့စန်း က မျက်လုံးကို လှိမ့်လိုက်သော်လည်း လောလောဆယ် အကြံကောင်း မတွေးနိုင်သဖြင့် "မင်းမွေးနေ့က ဘာလဲ" ဟု မေးလိုက်သည်။
"၂၅ ရက်နေ့"
"Wow၊ ငါက မင်းထက် တစ်လတိတိ အသက်ကြီးတာပဲ"
သူတို့နှစ်ယောက် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောကြပြီး မကြာမီ ညစာက အဆင်သင့်ဖြစ်နေပြီ။ ဧည့်ခန်းထဲမှာ ထိုင်ပြီး ညစာစားရင်း ရှဲ့စန်း က လှည့်ပတ်ကြည့်လိုက်သည်။
"ငှက်လေး က ဘယ်မှာလဲ?"
"ဒီနေ့ နေ့လည်က အပြင်ကို ပျံပြီး ထွက်သွားတယ်၊ စားစရာ သွားရှာတာ ဖြစ်မယ်" မိုင်နဲ က တကယ် ဂရုမစိုက်ခဲ့ပေ။
"မင်း သူစားဖို့ ဘာမှ မပေးခဲ့ဘူးလား"
မိုင်နဲက ခေါင်းခါသည်။ "ရေခဲသေတ္တာ တစ်ခုလုံး ပေးရင်တောင် သူ့အတွက် ဗိုက်မဝဘူး"
ရှဲ့စန်း အံ့အားသင့်သွားသည်။ ငှက်လေးက အကြီးစားစားသူ ဖြစ်ကြောင်း မနေ့က သူသိခဲ့သော်လည်း ဒီလောက် အံ့သြစရာ ကောင်းလိမ့်မယ် ဟု သူ မမျှော်လင့်ခဲ့ပေ။ စားတဲ့ ပမာဏက ဖိသတ်ပစ်လို့ ရနိုင်သည်။ ဒီလိုမျိုး သူ ဘယ်လိုလုပ် စားနိုင်တာလဲ ဆိုတာ သူမသိချေ။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...