Chapter 110 :နေ့တိုင်း
ရှဲ့စန်း နိုးလာတော့ သူ့လက်က မသိစိတ်အရ ကုတင်ရဲ့ တစ်ဖက်ခြမ်း ကို ထိလိုက်သော်လည်း ဗလာဖြစ်နေသည်။ ချက်ချင်းပဲ မျက်လုံး ဖွင့်ကြည့်လိုက်သည်။
"စောသေးတယ်။ မင်း ပြန်အိပ်ဦး" မိုင်နဲရဲ့ အသံက ကုတင် ဘေးကနေ ထွက်လာသည်။
ရှဲ့စန်း က ခေါင်းကို လှည့်ကြည့်လိုက်တော့ ကလေးကို သူ့လက်နှစ်ဖက်နဲ့ ဖက်ထားပြီး နို့မှုန့်ဖျော်တိုက်နေတဲ့ မိုင်နဲ က ကုတင်ဘေး က ဆိုဖာမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူ အိမ်ပြန်ရောက်နေတာ တစ်ပတ်ရှိနေပြီ ဖြစ်သည်၊ မိုင်နဲ စိတ်လှုပ်ရှားနေတာတွေ က ပေါင်ပေ့ကို နိ့မှုန့် ဖျော်တိုက်တဲ့အချိန် အားလုံး ပျောက်ကွယ်သွားကာ တည်ငြိမ်သွားသည်။
ကလေး က နေ့တိုင်း အတူတူပဲ ဖြစ်သည်။ လဝက်လောက် ရှိနေပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ် က သေးငယ်ပြီး ဖြူဖွေးနေသည်။ ပေါင်ပေ့ က ရှဲ့စန်းနဲ့ တူတဲ့ ဆံပင်အရောင် ရှိသော်လည်း သူ့ရဲ့ အသွင်အပြင် က မိုင်နဲနဲ့ ပိုတူသည်။
ပြောရရင်တော့ သူက အရမ်းလှတဲ့ ကလေးလေး ဖြစ်သည်။
ပေါင်ပေ့ က တိတ်ဆိတ်တဲ့ စရိုက်ရှိပြီး နို့သောက်တဲ့ အချိန် အရမ်း ကောင်းသည်။ သူ့လက် သေးသေးလေး ကို မြှောက်လိုက်ပြီး မိုင်နဲရဲ့ လက်ကောက်ဝတ် ကို ထိကာ သူ့မျက်လုံးတွေ က မိုင်နဲ ကို စပ်စပ်စုစု ကြည့်နေသည်။ သူက မိုင်နဲ သူ့ကို ကြည့်နေကြောင်း သတိထားမိပြီး သူ့ရဲ့ ခေါင်းသေးသေးလေး ကို ဘေးသို့ စောင်းလိုက်သည်။
မိုင်နဲ က ချက်ချင်းပဲ အကြည့်ကို ဖယ်လိုက်ပြီး ပေါင်ပေ့ကို မထိမိအောင် သူ့လက်အား ပေါင်ပေ့ရဲ့ ခေါင်း နဲ့ အနည်းငယ် ဝေးရာသို့ ရွှေ့လိုက်သည်။
ရှဲ့စန်း ချက်ချင်း နိုးသွားပြီး ကုတင်အစွန်းမှာ ထိုင်လိုက်သည်။ သူက ပေါင်ပေ့ရဲ့ လက်လေး ကို ညှစ်ပြီး ညင်သာစွာ ယမ်းလိုက်ကာ မိုင်နဲ ကို ကြည့်လိုက်သည်။
"ငါ မအိပ်တော့ဘူး။ ငါ ကောင်းကောင်း အိပ်ပြီးသွားပြီ။ မင်း ဘယ်တုန်းက နိုးနေတာလဲ"
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...