Chapter 29.2 : ပြိုင်ပွဲ
မီယာ က မိုင်နဲကို ကြည့်လိုက်သည်။ “ဂျူလော့စ်ကို ဒီဘွဲ့ရ အဖွဲ့လိုက်ပြိုင်ပွဲမှာ ပါဖို့ ငါ စီစဉ်ပေးမယ်။ မင်းတို့ထဲက အဆင့်အိုကောင်းတဲ့လူ ဘယ်သူဖြစ်ဖြစ် အဲဒါကို ဆက်နွယ်ခွင့်ရလိမ့်မယ်။" သူ ခဏရပ်လိုက်ပြီး "မင်းအနိုင်ရရင် သန်း၂၀ကို ကော့စ် မိသားစုက ပေးလိမ့်မယ်။"
"အဖေ!" ဂျူလော့စ်သည် မကျေမနပ် ဖြစ်သွားသည်။
"ဒါ မင်းအဘိုးရဲ့ ဆန္ဒပဲ" မီယာ က သူ့ကိုကြည့်ကာ ပြောပြီးနောက် စွင်းမောင်း ကိုပြောလာသည်။
"ငွေကို နောက်မှ ငါ့လက်ထောက် က ပေးလိမ့်မယ်။ ဘယ်သူကပဲ အနိုင်ရပါစေ၊ ဆက်နွယ်တဲ့ အခမ်းအနားကို ၉ ရက်နေ့ အဖွဲ့လိုက်ပြိုင်ပွဲ အပြီးမှာ ကျင်းပလိမ့်မယ်။ ဧရာမခြင်္သေ့သားရဲ ကို သေချာ ဂရုစိုက်ပါ။ အခကြေးငွေ ကို လက်ထောက်က ညှိနှိုင်းပေးလိမ့်မယ်။”
“ဟုတ်ကဲ့ ” စွင်းမောင်း ခေါင်းညိတ်လိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီးများ သည် သူတို့၏ သားများနှင့် ထွက်သွားခဲ့သည်။ ရှဲ့စန်း သည် အလွန် ဝမ်းနည်းနေပုံရပြီး တိတ်ဆိတ်နေသော မိုင်နဲကို ကြည့်လိုက်သည်။ သူ နိုင်မှာ သေချာသည်။ သူက မိုင်နဲကို မော့ကြည့်လိုက်ပြီး လက်သီးကို ဝှေ့ယမ်းကာ လေသံမာမာနဲ့
“ငါတို့ ချန်ပီယံဆု ရလိမ့်မယ်။ အဲဒါက မင်းရဲ့ ဆက်နွယ်သားရဲဖြစ်လာလိမ့်မယ်!"
မိုင်နဲက သူ့ကို ခဏလောက် စိုက်ကြည့်ရင်း ဆတ်ခနဲ ပြုံးပြပြီး သူ့ဆံပင်ကို မပွတ်သပ်ဘဲ မနေနိုင်တော့ပေ။
“အဆင်ပြေပါတယ်…တကယ်တော့…” သူ အသံကို အနည်းငယ်လျှော့လိုက်ပြီး “၆၀ရာခိုင်နှုန်း က နည်းနည်းတော့ နည်းတယ်” ဟု သူက ကူကယ်ရာမဲ့ပြောလာသည်။
“ဒါပေမယ့် အကြီးတန်း ဆက်နွယ်သားရဲတွေက ရှားပါးလွန်းတယ်။ ၅၀ရာခိုင်နှုန်း ကျော်ရှိတဲ့ သူနဲ့တွေ့ရတာ ကံကောင်းတယ်၊ လွတ်သွားမယ် ဆိုရင် နောက်တစ်ခါ ထပ်မတွေ့နိုင်တော့ဘူး”
ရှဲ့စန်း နှလုံးခုန်မြန်သွားသည်။ စာအုပ်ထဲတွင် လောင်ထန်း နှင့် မိုင်နဲ တို့သည် Sအဆင့် ဆက်နွယ်သားရဲများရှိပြီး အလွန်မြင့်မားသော ဆက်နွယ်မှုနှုန်း ၈၅ရာခိုင်နှုန်းဖြင့် Sအဆင့် ရှိသည်ကို မှတ်မိနေသည်၊ ထို့ကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန် သန်မာလွန်းသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...