Chapter 94: ​မြေဝယ်ခြင်း

5.9K 893 10
                                    

Chapter 94: ​မြေဝယ်ခြင်း

ရှဲ့စန်း အိမ်သို့ပြန်လာပြီး လင်းယုန်ငှက် ပေးတဲ့ တောရိုင်း အသီးအနှံ​တွေ ကို ဆေးကြောကာ ပန်းကန်ပြားတစ်ခုပေါ်တွင် တင်၍ သတင်းကြည့်ရင်း စားရန် ဆိုဖာပေါ်တွင် ထိုင်နေလိုက်သည်။

သတင်းရဲ့ ခေါင်းစီးမှာ "ငရုတ်သီး၊ ဘဝသစ်!"

ရှဲ့စန်း ဆေးရုံ ကားရပ်နားရာ နေရာရှိ သတင်းထောက်ရဲ့ မေးခွန်းကို တွေးမိပြီး သံသယစိတ်​တွေနဲ့ အ​တွေးထဲ နစ်မြုပ်သွားခဲ့သည်။ linkကို နှိပ်ပြီး သတင်းကို အမြန်ဖတ်လိုက်သည်။ အဓိက အကြောင်းအရာမှာ "

"ငရုတ်သီးက မွေးဖွားနှုန်း ကို မြှင့်တင်ပေးနိုင်တယ် ဆိုတာ မယုံဘူးလား။ ရှဲ့စန်း ကို ကြည့်ပါ၊ မင်း တွေ့ရလိမ့်မယ်"

ရှဲ့စန်း မျက်လုံး ပြူးသွားသည်။ သူ့ကိုယ်ဝန်နဲ့ ငရုတ်သီးက တစ်ခုနဲ့တစ်ခု ဘာမှမဆိုင်ဘူး မဟုတ်လား။ 100 ရာခိုင်နှုန်း တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်သင့်သည်။

သူက မှတ်ချက်တွေ ကို ဖတ်ဖို့ အောက်ကို ဆွဲချလိုက်သည်။ လူတော်တော်များများ က ငရုတ်သီးကို အရမ်းစိတ်အား ထက်သန်နေကြပြီး ဘယ်မှာ ဝယ်ရမလဲ ဆိုတာ ကို ဆွေးနွေး​နေကြသည်။ "ဝယ်လို့ မရတော့ဘူး" လို့ လူတချို့က ညည်းတွား​နေကြသည်။ လုယက်သူတွေ ရှိနေတယ်လို့ တချို့က ပြောကြပြီး အဲဒီလူတွေ က ယူပြီးရောင်းတဲ့ အတွက် မှောင်ခိုဈေးကွက်မှာ ၁ကတ်တီကို ၁၀,၀၀၀ ကျော် လောက်ရှိတယ်လို့ ​ပြော​နေကြသည်။

ရှဲ့စန်း အံ့သြသွားသည်။ ဒါက အမြတ်အစွန်း ရလွန်းတယ် မဟုတ်ဘူးလား။ ငရုတ်သီးရောင်း​တော့ ရစ်ချ်စူပါမားကတ် ကို သွားကြည့်ဖူးသည်။ စူပါမားကက် ဈေးက ၁ကတ်တီကိုမှ ၃၀၀၀ပဲ ရှိသည်။ မှတ်ချက်ကို ကြည့်နေတုန်း သူ့လက်ပတ် က အသံမြည်လာသည်။ အဲဒါက မာချွင်ရဲ့ ဆက်သွယ်မှု ဖြစ်သည်။ သူ လက်ခံလိုက်သည်နှင့် မာချွင်ရဲ့ အသံထွက်လာသည်။

"အားစန်း ငါ မင်းကို အနှောက်အယှက် မပေးမိဘူး မဟုတ်လား"

"မဖြစ်ပါဘူး၊ ဥက္ကဌကြီး ဘာကိစ္စရှိလို့လဲ"

မာချွင် က "မင်း ကိုယ်ဝန်မဆောင်ခင် ငရုတ်သီး စားဖူးလား"

ရှဲ့စန်း က သူ့ရဲ့ ဆိုလိုရင်း ကို သဘောပေါက်ပြီး

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDDonde viven las historias. Descúbrelo ahora