ပျော်စရာ သီတင်းကျွတ် လပြည့်နေ့လေးပါ😊 သီတင်းကျွတ် လပြည့်နေ့မှာ ကန်တော့ချင်ပေမယ့် အမျိုးတွေ က အဝေးမှာ၊ မကန်တော့ရတော့ မုန့်ဖိုး ပေးစရာ မရှိလို့😔 ၁ပိုင်း တင်ပေးလိုက်တယ်နော်၊ မနက်ဖြန် ပြန်တွေ့ပါ့မယ်ရှင့်😘🤎🤎🤎
Chapter 29.1 : ပြိုင်ပွဲ
ကော့စ်မိသားစု? အဲဒါ မိုင်နဲရဲ့ မိသားစုလား။
ရှဲ့စန်း သည် ဧရာမခြင်္သေ့ကြီးကို ကြည့်ကာ "ခြင်္သေ့ကြီးကို တစ်ယောက်ထက် ပိုတဲ့ သားရဲသခင်တွေ က ဆက်နွယ်ချင်ရင် ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။
“A အဆင့် ဆက်နွယ်သားရဲတွေရဲ့ ပေါက်ဈေးက သန်း ၂၀ ရှိတယ်။ ငါတို့က အရင်ဆုံး ပိုက်ဆံပေးပြီး အမြင့်ဆုံး ဆက်နွယ်မှုနှုန်းထား ရှိတဲ့ သခင်ကို ရောင်းမှာ" ဟု စွင်းမောင်း က ပြောသည်။
ရှဲ့စန်း မျက်လုံး ပြူးသွားသည်။ သန်း ၂၀!!! မိုင်နဲမှာ အဲဒီလောက် ပိုက်ဆံ ဘယ်လိုလုပ် ရှိနိုင်မှာလဲ?
သူတွေးနေစဉ် သူ၏ လက်ပတ်မှ အသံထွက်လာပြီး ဆက်သွယ်ရေး မျက်နှာပြင်ကို စစ်ဆေးရန် သူ၏ လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ မိုင်နဲ ပဲ! စွင်းမောင်းအား
“ကျွန်တော့်မှာလည်း ဧရာမခြင်္သေ့ သားရဲသခင်ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်။ကျွန်တော် သူ့ကို ခေါ်လိုက်မယ် ဆိုရင် မင်း သူ့ကို အထဲဝင်ဖို့ ခွင့်ပြုပေးနိုင်မလား?"
ရှဲ့စန်း၏လက်မှ လွတ်သွားပြီးနောက် ထရန် ပြင်နေသော ဧရာမခြင်္သေ့ကြီးအား ကြည့်ကာ
"မင်း သူ့ဒဏ်ရာတွေ ကို သန့်စင် ပေးလိုက်ပါ၊ ငါ သူ့ကိုခေါ်ဖို့ တစ်ယောက် လွှတ်လိုက်ပါ့မယ်" လို့ပြောလိုက်သည်။
ရှဲ့စန်း က ခေါင်းညိတ်ပြပြီး မိုင်နဲကို စွင်းမောင်း စီစဉ်ပေးထားသည့် လူများနှင့်အတူ ဝင်လာရန် တောင်းဆိုလိုက်သည်။ တွေးတောပြီးနောက် သူသည် စိတ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်မည်ကို စိုးရိမ်သဖြင့်
"ကော့စ်မိသားစုက လူတွေလည်း ဒီနေရာမှာ ရောက်နေတယ်" ဟု ပြောလိုက်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...