Chapter 36 : Network တစ်ခုလုံး ဆဲဆိုကြခြင်း
ရှဲ့စန်း မိုင်နဲ၏ တုံ့ပြန်မှု ရပြီးနောက် 'အသေးစိတ်' ဟူသော နာမည်ဝှက်ကိုယူကာ မိုင်နဲနှင့် လောင်ထန်း ကူညီပေးခဲ့သည့်အကြောင်း၊ ဂျူလော့စ်သည် မိုင်နဲကို အဆိပ်ရှိသော ဓားမြှောင်ဖြင့် တိုက်ခိုက်ရန် အခွင့်အရေး အရယူခဲ့သည့်အကြောင်း ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးကာ ဖော်ပြလိုက်သည်။ စာရိုက်ပြီးသောအခါ နောက်ဆုံးတွင် စာရေးလိုက်သည်။
[ဤမျှလောက် ပြောင်မြောက်ပြီး ကျေးဇူးကန်းသည့်လူကို တစ်ခါမျှ မတွေ့ဖူးသေးပါ]
ရေးပြီးသောအခါ ပြဿနာမရှိကြောင်း သေချာအောင် စစ်ဆေးကာ မိုင်နဲကို ပေး၍ ဖတ်ခိုင်းလိုက်ပြီး postတင်လိုက်သည်။
[ဖော်ပြချက်က အရမ်း အသေးစိတ်တယ် ၊ ယုံကြည်စိတ်ချလို့ ရတယ်လို့ ခံစားရတယ်]
[ 'အသေးစိတ်' က မျက်မြင်သက်သေလား? ဒီဖော်ပြချက်အရ ဆိုရင် အဖွဲ့နှစ်ဖွဲ့ပဲ ရှိတယ်၊ မိုင်နဲအဖွဲ့နဲ့ ဂျူလော့စ်အသင်း၊ မင်းက ဘယ်ဘက် က တစ်ယောက်လဲ?]
[Aaaahhh မိုင်နဲ က အရမ်းမိုက်တယ်... သဘောကျလိုက်တာ!]
ရှဲ့စန်းရဲ့လက်က ဖန်သားပြင်ကိုရပ်ပြီး လှည့်ကြည့်လိုက်သည်။ မိုင်နဲ မော့ကြည့်လိုက်တော့ ရှဲ့စန်း က သူတစ်ခါမှ မမြင်ဘူးတဲ့ အမူအရာနဲ့ သူ့ကို လှည့်ကြည့်နေတာ တွေ့လိုက်ရသည်။
"ဘာမှားနေလို့လဲ"
ရှဲ့စန်း စကားလုံးတွေကို ညွှန်ပြကာ ပြုံးပြီး နောက်လိုက်သည်။
"မင်း က အရမ်း ဆွဲဆောင်မှု ရှိတာပဲ"
မိုင်နဲ သူ့ကို စိုက်ကြည့်လိုက်ပြီး " မင်းရော အဲဒီလို ထင်လား"
သူ့အမူအရာက အရမ်း ကို အာရုံစူးစိုက်နေပြီး သူ့မျက်လုံးတွေက ပြင်းထန်လွန်းတာကြောင့် ရှဲ့စန်း နားမလည်နိုင်လောက်အောင် တုန်လှုပ်သွားကာ နှစ်ခါလောက် ရယ်လိုက်သည်။
"သေချာတာပေါ့၊ မင်းက ချောတယ်၊ တိုက်ခိုက်နိုင်တယ်၊ ပြီးတော့ မင်းက အရမ်းဆွဲဆောင်မှုရှိတယ်!"
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...