Chapter 102 : စွမ်းအင်တွေ လျော့နည်းလာခြင်း
ရှဲ့စန်းနဲ့ မိုင်နဲတို့ က ကြည့်ရှုနေသူတွေရဲ့ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားကာ မြေပြင်ပေါ်ရှိ ကျောင်းသားတွေ က ရှုပ်ယှက်ခတ်နေပြီး အပြုံလိုက်ကြီး ပြိုကျသွားသည်။
"ဘာဖြစ်လို့လဲ? အခု ဘာဖြစ်သွားတာလဲ?"
အပြင်ဘက်က ကျောင်းသားတွေ က သူတို့ ခါးတစ်ဝိုက်၌ တင်းကျပ်မှု တစ်ခုသာ ခံစားခဲ့ရပြီး အတင်း ဆွဲထုတ်ခံရကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
အတွင်းဘက်ရှိ ကျောင်းသားတွေ က “မင်း ဘာအတွက် လာအော်နေတာလဲ။ ထော့နဲ့ထော့နဲ့ သေချာ မရပ်နိုင်ဘူးလား”
အပြင်က အတန်းဖော်တွေရဲ့ ရှုပ်ယှက်ခတ်တာ ကို ခံရပြီး သူတို့ ပြားကပ်လုနီးပါး ဖြစ်သွားသည်ကိုသာ ခံစားခဲ့ရသည်။
“မြန်မြန် ထစမ်းပါ။ ငါ့ခြေထောက်တွေ ကျိုးတော့မယ်"
နွယ်ပင်တွေ က အလွန် လျင်မြန်စွာ ရွေ့လျားသွားသဖြင့် လူများစွာ က သူတို့ကို မမြင်လိုက်ရပေ။ တုံ့ပြန်နိုင်တဲ့ ကျောင်းသားတွေ က လျင်မြန်စွာ တုံ့ဆိုင်းသွားကာ
“ငါ မျဉ်းအစိမ်း တစ်ကြောင်းပဲ မြင်လိုက်ရတယ် လို့ ထင်တယ်”
"မျက်လုံးတွေ မှုန်ဝါးနေတာ မဟုတ်ဘူးလား" တစ်ယောက်ယောက် က မေးလိုက်သည်။
အိမ်ပြန်ရောက်တော့ ရှဲ့စန်း က ဆိုဖာပေါ်မှာ မေးစေ့ကိုကိုင်ပြီး ထိုင်နေရင်း မျက်မှောင်ကြုတ်သွားသည်။ မိုင်နဲ က သူ့နဖူးကို ဖြေးဖြေးလေး တွန်းလိုက်သည်။
“စိတ်မပူပါနဲ့”
ရှဲ့စန်း က သူ့ကို မော့ကြည့်လိုက်သည်။ "မင်း ဘယ်လိုထင်လဲ? တကယ်လို့ ရှဲ့စန်းရဲ့ မိဘတွေ ဖြစ်နေရင် အဲဒါကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်း က ဘာလဲ?"
မိုင်နဲ က ဆံပင် အနက်ရောင်နဲ့ အမရဲ့ စကားတွေ ကို တွေးလိုက်မိသည်။ အေးစက်မှု က သူ့မျက်လုံးထဲမှာ တောက်ပသွားပေမယ့် မြန်မြန်ဆန်ဆန် ဖုံးကွယ်ထားလိုက်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...