Chapter 28 : ဧရာမ ခြင်္သေ့သားရဲ
ရှဲ့စန်း သည် တစ်လုံးလုံး အကုန်မကြော်တော့ဘဲ အာလူးကို အခွံခွာပြီး တစ်ဝက်ကို ကြော်၍ ကျန်တစ်ဝက်ကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်ကာ အာလူးစွပ်ပြုတ်ကို ပြုလုပ်ခဲ့သည်။ အာလူးသည် စနစ်၏ အကောင်းဆုံးအရည်အသွေးဖြစ်ပြီး အသားသည် အရိုင်းဆန်ပြီး သဘာဝအတိုင်း ကြီးထွားလာသောကြောင့် နှစ်မျိုးရောလိုက်သောအခါ ထူးထူးခြားခြား စွဲမက်ဖွယ်ရနံ့ ထွက်လာသည်။
ရှဲ့စန်း တံတွေး မျိုချလိုက်သည်။ ဟင်းသီး ဟင်းရွက်စားဖို့ အချိန်အကြာကြီး မစောင့်နိုင်တော့ဘူး။
အာလူးနှင့် အသားများကျက်ကြောင်း သေချာစေရန် တူဖြင့် ထိုးကြည့်ပြီး ပန်းကန်လုံး နှစ်လုံးဖြင့် ထည့်လိုက်သည်။
မိုင်နဲ၏ ဘယ်လက်သည် တံခါးဘောင်နှင့် ဆန့်ကျင်ဘက်တွင်ရှိပြီး ညာလက်သည် တံခါးအစွန်းနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် တံခါးဝကို ပိတ်ဆို့ထားသလို ဖြစ်နေသည်။ အဖိုးရှုတာ့ သည် မိုင်နဲ၏ ဘယ်လက်ကို သူ့လက်များဖြင့် ကိုင်ထားပြီး အတွင်းဘက်ကို ကြည့်ရန် လည်ပင်း ဆန့်ထုတ်ရင်း နှာခေါင်းရှုံ့၍ အနံ့ခံနေသည်။
“ဘာတွေဖြစ်နေတာလဲ? အထဲဝင်ကြည့်ခွင့်ပေးပါ။ အနံ့ က အရမ်းကောင်းတယ်!”
အဖိုးက ရှဲ့စန်း ကိုတွေ့တော့ လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တယ်။
"ရှောင်စန်း မင်း ဘာဟင်းတွေ ထပ်ပြီးချက်နေတာလဲ"
ရှဲ့စန်း ကူကယ်ရာမဲ့ သွားတယ်။ ဒီအဖိုးရဲ့ နှာခေါင်းက အရမ်းကောင်းတာပဲ။ အမွှေးနံ့ဖော်တဲ့ ခေါင်းစွပ်ရှိနေတာလား လို့ သူ သိချင်နေခဲ့တယ်။
မိုင်နဲ မျက်မှောင်ကြုတ်ကာ “အဘိုး၊ လွှတ်လိုက်ပါ။ ကျွန်တော် တံခါးပိတ်နေတယ်လေ။"
"အနံ့ အရမ်းကောင်းတဲ့တာ ကြည့်ခွင့်ပေး၊ အဲ့ဒါဆို လွှတ်ပေးမယ်”
အဖိုးက ရှဲ့စန်းကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...