အစိမ်းရောင် ဝတ်ထားတဲ့ ကောင်လေး က သူ့ကျောပိုးအိတ်ထဲ က အချက်ပြတစ်ခု ကို ထုတ်ယူလိုက်ပြီး အချက်ပြဖို့ သူ့လက် ကို မြှောက်လိုက်သည်။ သို့သော် ထိတ်လန့် တုန်လှုပ်နေသဖြင့် သူ့လက် တုန်ခါသွားပြီး မီးတောက် သည် အပေါ်မရောက်ဘဲ ထောင့်ဖြတ် ဖြတ်ပြေးသွားကာ မြင့်မားသောသစ်ပင်၏ ပင်စည်ကို ထိမှန်သွားခဲ့သည်။
"မင်း ဘာတွေ ဖြစ်နေတာလဲ?!"
သူ့နောက်က ကောင်လေးတွေ က မျက်နှာတွေ နီရဲပြီး စိုးရိမ်စိတ်နဲ့ အော်လာကြသည်။
“တော်လိုက်တော့၊ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထား။”
အခြားကောင်လေးက သူ့လက်ထဲမှာ တောက်ပြောင်တဲ့ဓားမြှောင်တစ်လက်ကို ကိုင်ထားပြီး ဝင်လာမယ့် လမ်းကို သတိထားပြီး ကြည့်နေသည်။
တောရိုင်းခွေး ၁၂ကောင် က သူတို့ဆီ ပြေးလာပြီး သူတို့ကို ဝန်းရံထားလိုက်သည်။ ၄ယောက်စလုံး မျက်နှာပျက်သွားပြီး ဘေး၊ဘယ်၊ညာ ကြည့်ကာ တဖြေးဖြေး နောက်ဆုတ်သွားသည်။ တောရိုင်းခွေးများ၏ မျက်လုံးများ က လောဘနှင့် တောက်ပနေပြီး လည်ချောင်းထဲမှ ရန်လိုသည့်အသံ ထွက်ပေါ်လာသည်။
."ငါ တော်တော် သနားစရာ ကောင်းတာပဲ၊ ၁၀၀၀၀၀ လောက် အတွက်နဲ့ ငါ့အသက် သေတော့မယ်!!!"
“ဂျူလော့စ်က သူတို့ဒီမှာရှိတယ်လို့ ပြောပေမယ့် သူတို့က ရုတ်တရက် ပျောက်သွားတယ်၊ ငါတို့ လှည့်စားခံလိုက်ရပြီ!"
“ပါးစပ်ပိတ်ထား” စကားမပြောရသေးတဲ့ ကောင်လေးက ကြိမ်းမောင်းလိုက်သည်။
“သူတို့ နေရာက ရွေ့နေတယ်”
သူစကား ပြောပြီးသည်နှင့် တပြိုင်နက် သူတို့ပတ်ဝန်းကျင်ရှိ တောရိုင်းခွေးများက သူတို့ကို တိုက်ခိုက်ကြပြီး ခဏကြာတော့ မြင်ကွင်းသည် ဖရိုဖရဲဖြစ်နေခဲ့သည်။
မကြာခင်မှာပဲ သွေးနံ့က လေထဲကို ပျံ့နှံ့သွားသည်။ အစိမ်းရောင်ဝတ် လူလေးဦးနှင့် တောရိုင်းခွေးများ အားလုံး ဒဏ်ရာရသွားကြသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...