Chapter 46 : ဆက်သွယ်ခြင်း
လောင်ထန်းရဲ့ မှန်းဆချက်က ရှဲ့စန်းရဲ့ စိတ်ကို တုန်လှုပ် သွားစေခဲ့သည်။ သူ အနီရောင်စွမ်းအင်ကို ချက်ချင်း တွေးမိလိုက်သည်။ သူ့စိတ်ထဲကနေ အက်ဒမ်ကို ခေါ်လိုက်သည်။
အက်ဒမ်က ချက်ချင်း ဆိုသလို တုံ့ပြန်လိုက်ပြီး သူ့အသံက စိတ်လှုပ်ရှားနေသည်
(“အားးးးးး! ငါ ခံစားလို့ ရတယ်! အရှေ့မြောက်ဘက် ကို ဦးတည်နေတယ်။ အရမ်း နီးနေပြီ!")
ရှဲ့စန်း က မြေပုံကို လှမ်းကြည့်လိုက်ပြီး မိုင်နဲ ကို “တိုက်ပွဲ ဖြစ်နေတာက ဘယ်လမ်းလဲ” ဟု မေးလိုက်သည်။
"အရှေ့မြောက်"
ရှဲ့စန်း နှုတ်ခမ်း သပ်လိုက်သည်။ အဲဒါဆို ဒီပြောင်းလဲမှုတွေ က အနီရောင် စွမ်းအင်နှင့် ဆက်စပ်နေမည် ဟု ထင်ရသည်။
("တိရစ္ဆာန်တွေ အပေါ် အနီရောင် စွမ်းအင်ရဲ့ အကျိုးဆက်တွေ က ဘာတွေလဲ") ရှဲ့စန်း က အက်ဒမ် ကို စိတ်ထဲတွင် မေးလိုက်သည်။
အက်ဒမ်က (“အနီရောင် စွမ်းအင်ရဲ့ အဓိက မီးလေ။ စွမ်းအင် က ကြီးစိုးနိုင်ပြီး အားကောင်းတဲ့ အတွက် တိရစ္ဆာန်တွေရဲ့ သဘော သဘာဝ က ပိုပြီး အားကောင်းလာလိမ့်မယ်။ သူတို့ အနီရောင် စွမ်းအင်ကို ခံစားမိရင်၊ ချဉ်းကပ်ဖို့ အစပျိုး လုပ်ဆောင်လာလိမ့်မယ်။ အသိဥာဏ် မရှိတဲ့ တိရစ္ဆာန်တွေတောင် အရမ်း နီးကပ်နေခဲ့ရင် အသိဥာဏ် ရှိလာလိမ့်မယ်။ ဒါပေမယ့် ငါ့ရဲ့ စွမ်းအင် ငါးခုစလုံး က ဉာဏ်ရည်ထက်မြက်တဲ့ တိရစ္ဆာန်တွေအတွက် အရမ်း ကောင်းမွန်စေမယ့် သဘာဝ စွမ်းအားတွေ ပါ၀င်နေတယ် ဆိုပေမယ့်၊ စွမ်းအင်ရဲ့ ပြင်းထန်မှုကို မခံနိုင်ဘူးဆိုရင်…”)
ရှဲ့စန်း တိုက်ခိုက်နေသော သားရဲများကို ကြည့်လိုက်သည်။ (“ဒုက္ခဖြစ်စေပုံ ရတယ်။ တော်တော် များများ က ရန်ဖြစ်နေကြတယ်”)
အက်ဒမ်ရဲ့ အသံသည် အားလျော့သွားကာ (“ငါ ဒီလိုဖြစ်စေဖို့ မရည်ရွယ်ပါဘူး။ အနီရောင် စွမ်းအင် ကို ငါပြန်ယူလိုက်တာ နဲ့ အနီရောင်စွမ်းအင်ရဲ့ သက်ရောက်မှုတွေ ပျောက်သွားမှာပါ”)
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...