ရှဲ့စန်းအတွက် စောင့်ရှောက်ရေးစင်တာမှာ လုပ်ရတဲ့နေရာကတော့ ယန်ရွှင်ပြောသလိုပဲ 'သတ်မှတ်ထားတဲ့ အလုပ်မရှိဘူး' သူ့ကို လိုအပ်တဲ့ ဘယ်နေရာမဆို ကူညီပေးရသည်၊ ယန်ရွှင်ကြောင့် အလုပ်နေရာမျိုးစုံကို သိလာပြီး အလုပ်လုပ်တာ မြန်လာခဲ့သည်၊ သူနဲ့ အသင့်တော်ဆုံးဌာနကို ရှာတွေ့ခဲ့သည်။
ရှဲ့စန်း ရောဂါကုထုံးဌာန၊ အပန်းဖြေရေးဌာန၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်ရေးဌာန၊ အစာကျွေးသည့်ဌာန စသည်ဖြင့် အစုံသွားခဲ့ရသည်၊၊ သူ့အလုပ်တွေက သန့်ရှင်းရေး၊ စိုထိုင်းမှုထိန်းစက် နဲ့ အပူချိန်ထိန်းကိရိယာ ထိန်းညှိပေးခြင်း၊ ဆက်နွယ်သားရဲတွေကို အစာကျွေးခြင်း၊ ရေချိုးပေးခြင်း၊ စသည်ဖြင့် အစုံလုပ်ရသည်။
အလုပ်စဝင်တာနဲ့ နားချိန် မရှိလောက်အောင် အလုပ်များနေခဲ့ပေမယ့် ရလဒ်ကတော့ တော်တော်ကောင်းခဲ့သည်။ သုံးနာရီ မကြာသေးပေမယ့် စွမ်းအင် ငါးခု စုဆောင်းလို့ရခဲ့ပြီး အခု သူ့မှာ စွမ်းအင် ကိုးခုရနေပြီဖြစ်သည်။
စွမ်းအင် အကုန်လုံးက ဆက်နွယ်သားရဲတွေကို ဆေးထိုးတဲ့နေရာမှာ စောင့်ရှောက်သူတွေကို ကူညီပေးရင်း ရလာတာဖြစ်သည်။
လေးနာရီထိုးခါနီးမှာ သူ့လက်ကောက်က ရုတ်တရက်ထမြည်လာခဲ့သည်။ ခဏစဥ်းစားလိုက်တော့ ဒီဟာက မနက်တုန်းက သူပေးခဲ့တဲ့ alarm ဖြစ်နေတာကို မှတ်မိသွားသည်။ 'ဘာပြဿနာမှ မဖြစ်အောင် သူအနားယူဖို့ လိုမယ်' ဟု အက်ဒမ် က သတိပေးခဲ့သည်။
သူတစ်မနက်လုံး ဘာမှမစားရသေးတဲ့အပြင် နာရီဝက်ပဲ နားရသေးသည်။ သူတော်တော် အိပ်ပျော်သွားပြီး alarm ၂ခါလောက်မြည်ပြီးတဲ့အချိန် သူမူးနောက်စွာ နိုးလာခဲ့သည်၊၊ ပြီးနောက် သူ့ကိုယ်သူ တွန်းအားပေးပြီး အလုပ်ဆက်လုပ်နေခဲ့သည်။
အနားယူချိန် ပြီးသွားတဲ့အခါ ဆက်နွယ်သားရဲတွေကို အစာကျွေးဖို့ အလုပ်တစ်ခု လက်ခံရရှိခဲ့သည်။ အစာကျွေးတဲ့နေရာကို ထွက်လာတဲ့ အချိန်မှာ ၅နာရီ ထိုးပြီးလို့ ၁၅မိနစ်ကျော်နေပြီ၊ သူ့အလုပ်ချိန်ပြီးဖို့ ၅၅မိနစ်လောက်ပဲလိုတော့သည်။ အချိန်ပိုင်းအကူ လုပ်ပြီးနောက်မှာ သူ့စွမ်းအင်က ၁၀ နားကပ်နေပြီး ဒီနေ့ အပင်တစ်ပင်ရဖို့ ဖြစ်နိုင်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...