Chapter 52 : မကောင်းတဲ့ အကြံ
သစ်အယ်သီးရောင် ဆံပင်နဲ့ ကောင်လေးက တောထဲမှာ ရှဲ့စန်း တွေ့ခဲ့တဲ့ လူလေးယောက်ထဲ က တစ်ယောက် ဖြစ်သည်။ သူ က ရှဲ့စန်းရဲ့ စကားကို ရယ်မောလိုက်ပြီး ဂျူလော့စ် ကို ကြည့်လိုက်သည်။
“ခြင်္သေ့သားရဲကို ရေချိုးဖို့ အတွက် ဒီဆိုင်ကို လာဖို့ ဂျူလော့စ်က အကြံပေးတယ်လေ။ ဒါက ငါ့သူငယ်ချင်းရဲ့ ဆက်နွယ်သားရဲလေ၊ အထူးသဖြင့် ရေချိုးရတာ မကြိုက်ဘူး၊ ကျွန်တော့် သူငယ်ချင်း က ကျွန်တော့်ကို ကူညီပေးဖို့ တောင်းဆိုထားတာ၊ မင်းနဲ့တွေ့မယ်လို့ မမျှော်လင့်ထားဘူး။"
ရှဲ့စန်း တွေးလိုက်မိသည်။ အံ့သြစရာ မဟုတ်တော့ဘူး။ ကျင်းကျန် က ဂျူလော့စ် နဲ့ စီးပွားရေး မလုပ်တော့ဘူး လို့ ကြေညာထားခဲ့တဲ့ အတွက် သူနဲ့အတူ ဒီမှာ ပေါ်လာတာပဲ။
ရှဲ့စန်း သစ်အယ်သီးရောင် ဆံပင်နဲ့ ကောင်လေးရဲ့ ကြီးမားတဲ့ အပြုံးကို ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။
"ရိုဟတ်၊ မင်း အဓိပ္ပါယ်တာတွေ ပြောနေတာပဲ" ဂျူလော့စ် က စိတ်မရှည်စွာဖြင့် မျက်မှောင် ကြုတ်လိုက်သည်။
“ခြင်္သေ့သားရဲက အဲဒီနေရာကို ဖြိုချလု နီးပါးပဲ။ မင်းဘာလို့ အမြန် မလုပ်တာလဲ? သူတို့ကို ရေချိုးခိုင်းလိုက်တော့လေ"
ရိုဟတ် ဟု အမည်ရသော သစ်အယ်သီးရောင် ဆံပင်နဲ့ ကောင်လေး က ဂျူလော့စ်ရဲ့ သဘောထားကို ကျင့်သားရနေပုံရပြီး သိပ်ဂရုမစိုက်ခဲ့ပေ။ သူ ရှဲ့စန်း ကိုကြည့်ကာ
"ဒါနဲ့ မင်း တစ်ချက် ကြည့်သင့်တယ်။ သားရဲသခင်က ဒီမှာ မရှိလို့လား မသိဘူး၊ ခါတိုင်းထက် ရေချိုးရတာ ပိုခက်နိုင်တယ်”
ရှဲ့စန်း အရူးတစ်ယောက်လို ပြေးလွှား ဟိန်းဟောက်နေပုံရတဲ့ ခြင်္သေ့ကြီးအား ကြည့်လိုက်သည်။ သူရဲ့ လှုပ်ရှားမှုကို ကြည့်ကာ သွားမယ့် လမ်းကြောင်းကို လျှောက်သွားလိုက်သည်။ သူ့ကို မတိုက်မိစေရန် ခြေလှမ်း နှစ်လှမ်းဆုတ်ကာ သူ့ကိုထိရန် လက်တစ်ဖက်ဆန့်ပြီးကို လှမ်းထိလိုက်သည်။
KAMU SEDANG MEMBACA
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomansaThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...