Chapter 48 :ထွက်ခွာခြင်း
ရှဲ့စန်း အက်ဒမ်၏ စကားကြောင့် စိတ်မလှုပ်ဘဲ မနေနိုင်ပေ။ 'သူ ဒီကောင်ကြီးတွေနဲ့ ဆက်သွယ်လို့ရတယ်' တွေးကြည့်ရုံနဲ့တင် အံ့သြစရာ ကောင်းနေသည်။
ဒါကို သူစဉ်းစားလိုက်တော့ ကြံ့ပျံရဲ့ အသံက သူ့စိတ်ထဲမှာ ပေါ်လာသည်။
{ "စွမ်းအင်တွေ ရပြီးတဲ့ နောက်မှာ ငါ့ရဲ့ စွမ်းရည်တွေ အားကောင်းလာတယ်။ သူက အရင်တုန်း က ငါ့ကို အနိုင် ယူနိုင်တယ်"} ဟု ပြောကာ သက်ပြင်းချလိုက်သည်။
{"ဒါပေမယ့် လက်ရှိ ငါ့ကို လက်အောက်ခံ ဖြစ်အောင် မလုပ်နိုင်ဘူး၊ အဲဒါ ငါတို့ မျိုးနွယ်နဲ့ သူတို့ရဲ့ မိသားစုက ရည်မှန်းထားတာ မတူလို့ ဖြစ်နိုင်တယ်"}
ရှဲ့စန်း သူရဲ့ နောင်တရသံ ကို ကြားပြီးနောက် {"မင်း လုပ်ချင်ရင်တောင် မင်း ကိုယ်တိုင် လုပ်လို့ မရဘူးလား"} လို့ မေးလိုက်သည်။
{"မရဘူး"} ဟု ကြံ့ပျံက ရှင်းပြသည်။ {"သားရဲသခင်က Sအဆင့် သားရဲကို မဆက်နွယ်နိုင်ရင်၊ ဆက်နွယ်ခြင်း အခမ်းအနား က သွေးသောက်တဲ့ အဆင့်ကို ရောက်ရင် သားရဲသခင်ရဲ့ အော်ရာ က ဆက်နွယ်သားရဲကို မလွှမ်းမိုးနိုင်သလို ဆက်နွယ်သားရဲကလည်း သားရဲသခင်ကို အလိုလို တိုက်ခိုက်မိလိမ့်မယ်"}
ရှဲ့စန်း အရင်က ပြောခဲ့တာတွေကို တွေးပြီး စိတ်ပူသွားသည်။ {"မင်း ဆက်နွယ်မှု မလုပ်ရင် မင်းရဲ့ စိတ်အခြေအနေ ပိုကောင်းလာမလား"}
ကြံ့ပျံက {"ငါမသိဘူး။ သားရဲနှင့် သားရဲသခင်တို့ တွယ်တာမှု က သားရဲရဲ့ စိတ်ဝိညာဉ် တည်ငြိမ်မှု အတွက် အထောက်အကူ ဖြစ်တယ်။ ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ကုသဖို့ တခြား နည်းလမ်း ရှိမရှိတော့ ငါလည်း မသိဘူး"} ခဏ ရပ်လိုက်ပြီး
{ "မင်းဘေးမှာ ရှိနေရင် ငါ အဆင်ပြေတယ်။ မင်း ငါ့ကို ကူညီနိုင်တယ်၊ ငါ မင်းကို ဒုက္ခ ပေးရလိမ့်မယ်"}
ရှဲ့စန်း သူရဲ့ ဗိုက်ကို ပွတ်သပ်လိုက်သည်။ {"ကူညီနိုင်မယ် ဆိုရင် ဝမ်းသာပါတယ်"} သူ တုံ့ဆိုင်းနေပြီး {"မင်းနဲ့ သူနဲ့ ဆက်နွယ်ဖို့ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်"}
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...