Chapter 42 : ပြင်ဆင်ခြင်း
ပုံမှန်မဟုတ်တဲ့ သစ်တော ပေါ်လာချိန်နှင့် တည်နေရာသည် တိုက်ဆိုင်လွန်းသည် ဟု ရှဲ့စန်း ခံစားရသော်လည်း အနီရောင် စွမ်းအင်နှင့် ပတ်သက်သည် ဖြစ်စေ၊ မသက်ဆိုင်သည် ဖြစ်စေ သူ ထိုနေရာကို သွားရမည် ဖြစ်သည်။ မိုင်နဲ ကို သူ မေးလိုက်သည်။
"ဘယ်သွားမှာလဲ? ငါ မင်းနဲ့လိုက်ခဲ့မယ်"
မိုင်နဲ က မျက်မှောင်ကြုတ်ကာ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
“မလိုက်ရဘူး၊ တောထဲ ရောက်လေလေ အန္တရာယ်များလေလေပဲ၊ မင်း မသွားနိုင်ဘူး" ကလေးတစ်ယောက် ကို ပြောသလိုမျိုး ခဏရပ်ပြီး “ငါ တတ်နိုင်သလောက် မြန်မြန် ပြန်လာမှာပါ” ဟု ထပ်ပြောသည်။
ရှဲ့စန်း သူ့လက် ကို ဖြန့်ပြလိုက်သည်။ "ငါ သွားမှ ဖြစ်မယ်၊ မင်းနဲ့ ဖြစ်ဖြစ် ငါကိုယ်တိုင်ပဲ ဖြစ်ဖြစ်" ညာဘက်ပခုံးကို ညွှန်ပြလိုက်သည်။
"အရင်က ငါ ရှာနေတာတွေလေ၊ အခုတော့ အာရုံခံလို့ရပြီ၊ သစ်တော အရှေ့ဘက်ခြမ်း က အန္တရာယ်ဇုန်ထဲမှာ ရောက်နေတာ"
မိုင်နဲ မျက်ခုံးကို အနည်းငယ် ကျုံ့လိုက်ပြီး
"အဲဒီ အနှောက်အယှက်နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်လို့ရမလား?"
"မသိဘူး" ရှဲ့စန်း မီးဖိုချောင်ဘက်သို့ လျှောက်လာရင်း ပြောလိုက်သည်။ "ငါ ညစာ ချက်လိုက်ဦးမယ်၊ နောက်မှ ဆက်ပြီး စကားပြောမယ်"
မိုင်နဲ က သူ့နောက်ကနေ မီးဖိုချောင်ထဲကို လိုက်သွားသည်။
"ငါလည်း ကူညီမယ်လေ"
ရှဲ့စန်း ပြုံးလိုက်သည်။ သူ နေကောင်းနေတယ် ဆိုတာ သူသိတဲ့ အတွက် မတားတော့ပေ။ တောထဲသွားဖို့ တွေးလိုက်တော့ နည်းနည်းတော့ စိတ်ပူသွားသည်။
“မြို့အပြင်ထက် ကီလိုမီတာ ၆၀၀ ဒါမှမဟုတ် ၇၀၀ လောက် ဝေးတယ်။ အန္တရာယ်ဇုန်ကို အမြန်ရောက်ဖို့ နည်းလမ်းရှိလား?”
“ မင်း သွားချင်တဲ့နေရာ ရောက်ဖို့ ကောင်းကင်ကနေ ပျံသန်းနိုင်တဲ့ယာဥ် ကို ငှားလို့ရတယ်၊ ငှားပြီးတော့ မြေပြင်ပေါ် ဆင်းဖို့ ဆွဲချလို့ရတဲ့ လှေကားနဲ့ ဆင်းရမယ်။ ဒါ အမြန်ဆုံး နည်းလမ်းပဲ၊ ဒါပေမယ့် အဲဒါ က အန္တရာယ်ရှိလိမ့်မယ်”
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...