Chapter 77 : ပဉ္စမမြောက် အပင်
ရှဲ့စန်း ပါးစပ်က အံ့သြပြီး ပွင့်သွားသည်။ ခြင်္သေ့ပျံသားရဲ က သားရဲ နတ်ဘုရား? သားရဲ နတ်ဘုရား ဒေါသထွက်တယ် လို့ ပြောတာ သူတို့က ခြင်္သေ့ပျံသားရဲ ကို ဆိုလိုတာလား?
ခြင်္သေ့ပျံက သူတို့ကို ဟိန်းဟောက်လိုက်သည်။ ရှဲ့စန်းရဲ့ဘေးမှာ ရပ်နေတာကြောင့် ရှဲ့စန်းက သူ့ရဲ့ အဓိပ္ပါယ် ကို နားလည်သည်။
{"ငါ မင်းကို ပြောခဲ့တယ်၊ ငါက သားရဲ နတ်ဘုရား မဟုတ်ဘူးလို့!"}
ဗိုဆာ က ခြင်္သေ့ပျံ ပြောတာကို နားမလည်ပေ။ သူ စိတ်လှုပ်ရှားသွားပြီး
"သားရဲ နတ်ဘုရား၊ ငါတို့ကို မစွန့်ပစ်ဘူး။ ငါ တွေ့တယ်။ မြင့်မြတ်တဲ့ တောင်ပေါ်က မကောင်းဆိုးဝါး ပန်းပွင့်ကို ဖျက်ဆီးပြီးရင် အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်"
ရှဲ့စန်း မျက်တောင် ခတ်လိုက်သည်၊ မကောင်းဆိုးဝါး ပန်း? သူက နေကြာ ကို ဆိုလိုတာလား။ ညာဘက်ပခုံးပေါ်ရှိ ရွှေရောင် ပန်းပွင့်လေး ကို ကြည့်ပြီး ခေါင်းငုံ့ကာ ရယ်ချင်လာသည်။
လောင်ထန်း က ခေါင်းနောက်ကို ကုတ်လိုက်သည်။
"ဒါက ခြင်္သေ့ပျံသားရဲလေ၊ မိုင်နဲရဲ့ ဆက်နွယ်သားရဲ၊ သားရဲ နတ်ဘုရား မဟုတ်ဘူး။ ဒီလို ဒူးထောက်နေတာ ထူးဆန်းတယ်"
"ဘရန့်ဒ်ဂြိုလ် က ပညာမတတ်ဘူး၊ ဒူးထောက်တာ က အရမ်း အရေးကြီးတယ်။ သာမန် အခြေအနေမှာ လူတစ်ယောက် က ဒူးမထောက်ဘူး"
ရှဲ့စန်း က "မင်း ဘာလို့ မတ်တပ်ရပ်ပြီး စကား မပြောတာလဲ။ တစ်ခုခု ကို နားလည်မှု လွဲသွားနိုင်တယ်။ သားရဲ နတ်ဘုရား က မင်းကို စွန့်ပစ်ခဲ့တယ် ဆိုတာကို မင်း ရှင်းမပြခင် ခြင်္သေ့ပျံသားရဲ ကို ဘာဖြစ်လို့ သားရဲ နတ်ဘုရား လို့ ရုတ်တရက်ကြီး ထခေါ်တာလဲ"
ရှဲ့စန်း သည် သူ့ရှေ့တွင် ယောက်ျားကြီးတွေ ဒူးထောက်နေတာကို မနေတတ်တာကြောင့်
"ခြင်္သေ့ပျံ ကလည်း မင်းတို့ကို မတ်တတ် ရပ်စေချင်နေတယ်" ဟု ထပ်ပြောလိုက်သည်။ သူက ခြင်္သေ့ရဲ့ ခြေထောက် တစ်ဖက်ကို ပွတ်လိုက်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...