Chapter 95: ကျန်သေးတဲ့ စွမ်းအင်
နောက်တစ်နေ့ မနက်တွင် ရှဲ့စန်း မျက်နှာသစ်ပြီး စားပွဲ၌ ထိုင်ကာ မီးဖိုချောင်မှ မနက်စာ ယူလာပေးမယ့် မိုင်နဲ ကို ထိုင်စောင့်နေလိုက်သည်။ သူက အက်ဒမ်ကို
("ရေစွမ်းအင်ရဲ့ နေရာ ပြောင်းသွားပြီလား") လို့ သူ့စိတ်ထဲကနေ မေးခဲ့သည်။
အက်ဒမ်က ခဏလောက်နေတော့ ပြန်ဖြေလာသည်။
( "အဲဒါက ဘရန့်ဒ်ဂြိုလ်နဲ့ ပိုနီးလာပြီ")
ရှဲ့စန်း က နေရာအတိအကျ ကို တောင်းပြီး ရေစွမ်းအင် ဘယ်လို ရွေ့နေတာလဲ ကြည့်ဖို့ မြေပုံပေါ်တွင်မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။ သူ့မျက်လုံးတွေ က နည်းနည်း တောက်ပလာသည်။
( "ဘရန့်ဒ်ဂြိုလ်ဘက်ကို ရွေ့နေတယ်လို့ ငါ ဘာဖြစ်လို့ ခံစားနေရတာလဲ")
အက်ဒမ်က ("ငါလည်း အဲဒီလိုပဲ ထင်တယ်")
ရှဲ့စန်း မြေပုံကို ကြည့်လိုက်သည်။ ("ကြားထဲမှာ လူတွေ နေထိုင်တဲ့ ဂြိုလ်နှစ်ခု ရှိသေးတယ်။ အဲဒီမှာ မရပ်ဘူး ဆိုရင် ဒီတစ်ခါတော့ ငါတို့ ကံကောင်းသွားပြီ")
အက်ဒမ် က စိတ်လှုပ်ရှားနေပုံနဲ့ ("အိုး....ဘရန့်ဒ်ဂြိုလ်ကို ရောက်လာခဲ့ရင် အရမ်း ကောင်းမှာပဲ")
မိုင်နဲ က မနက်စာကို ရှဲ့စန်း အရှေ့မှာ ချပေးထားပြီး ယာဂု၊ ကြက်ဥပြုတ် နဲ့ ပြောင်းဖူးကို ချက်ကျွေးသည်။ အရမ်း စားလို့ကောင်းမယ့်ပုံ ပေါ်သည်။
ရှဲ့စန်း က ဖန်သားပြင်မှ မော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေ ကော့တက်သွားသည်။
"ကျေးဇူးတင်ပါတယ်"
မိုင်နဲ က ငုံ့ကြည့်ကာ နှုတ်ခမ်းကို နမ်းလိုက်ပြီး မြေပုံကို ကြည့်လိုက်သည်။ "တစ်နေရာရာ ကို သွားချင်လို့လား"
ရှဲ့စန်း ခေါင်းယမ်းလိုက်ပြီး လက်ပတ်ကို ပိတ်လိုက်သည်။ ယာဂုကို ဇွန်းဖြင့် မွှေလိုက်သည်။
"စွမ်းအင် နေရာ က ပြောင်းသွားပြီ။ အခု ဘယ်ကိုသွားနေတာလဲ ကြည့်နေတာ"
မိုင်နဲ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူ့အရှေ့မှာ မနက်စာရှိပြီး ရှဲ့စန်း နဲ့ မတူပေ။ အသားနဲ့ ကြက်ဥ ကို ရော၍ ကြော်ထားသည် ။ ရှဲ့စန်း က သူ့အာဟာရဖြည့်တင်းဖို့ ပြောင်းဖူးကို စားခိုင်းမှန်း ခန့်မှန်းမိသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...