Chapter 83 : ဖွက်ထားခြင်း
လန်နီက စောင့်ကြည့်ရေး အခန်းထဲတွင် ကြည့်ရဆိုးနေတဲ့ အမူအရာဖြင့် ရပ်နေသည်။ ဆိုင်မွန်ရဲ့ ဆက်သွယ်ရေးစက် အသံမြည်လာတဲ့အခါ တစ်ခုခု ပြောဖို့ပြင်လိုက်သည်။ တစ်ဖက်က အသံ ကျယ်လောင်စွာ ထွက်လာတယ်။ Speaker မဖွင့်ထားပေမယ့် လန်နီ ကြားလိုက်သည်။
"ကပ္ပတိန်၊ ကမာကောင်၊ မိကျောင်းကြီးနဲ့ ဝက်ဝံကြီးတွေ အကုန် ပျောက်ကုန်ပြီ!"
"ဘာကို ဆိုလိုတာလဲ ပျောက်သွားပြီ" ဆိုင်မွန် မျက်နှာ တင်းမာသွားသည်။
“ဂိတ်ဝ က လုံခြုံရေး အစောင့်တွေ မူးလဲနေတယ်… နေရာတိုင်း ကို လိုက်ရှာကြည့်ပေမယ့် သူစိမ်း တစ်ယောက်မှ မတွေ့ဘူး”
လက်အောက်ငယ်သားရဲ့ အသံမှာ ထိတ်လန့်နေသည်။ “အရှေ့ဘက် စင်္ကြံမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ရှိတယ်။ သူ့ကို ဘာက မေ့အောင်လုပ်လိုက်တာလဲ မသိဘူး”
အစီရင်ခံတာကို နားထောင်ပြီးနောက်၊ ဆိုင်မွန် က “လုံခြုံရေး ကင်မရာ အားလုံးကို စစ်ဆေးပါ” ဟု အမိန့်ပေးခဲ့သည်။ သူ ပြောပြီးသွားတော့ သူက နေရာတိုင်းကို လူတွေ ထပ်ပို့လိုက်တယ်။
"ကပ္ပတိန်၊ သူတို့က ၈၁ထပ်ကနေ ပထမထပ်ကို သွားကြတယ်” ဟု စောင့်ကြည့် ကင်မရာအားလုံး ကို ကြည့်နေသူ က ပြောသည်။
ဆိုင်မွန် က လန်နီကို ကြည့်လိုက်သည်။ သူက လောင်ထန်းနဲ့ ပိုင်ကျောင်း ကို ပြထားတဲ့ မျက်နှာပြင် ကို စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်တွေ ကွေးညွတ်သွားသည်။
"လောင် မိသားစု က မွဲသွားပြီလား? လေလံပွဲ အတွက် ပေးချေဖို့တောင် မတတ်နိုင်ကြဘူးလား” သူက ပေါ့ပေါ့တန်တန် ညည်းညူလိုက်ပြီးနောက် သူ့အကြည့် က ဆိုင်မွန်ဆီ ဦးတည်သွားသည်။
“သူတို့ကို တစ်ယောက်ယောက် နဲ့ တားခိုင်းထားပြီး သူ့အဖော်တွေရဲ့ အထောက်အထား ကို ရှာဖွေပါ”
ပိုင်ကျောင်းနဲ့ လောင်ထန်း တို့ ပထမထပ်သို့ ရောက်ရှိလာပြီးနောက် ဓါတ်လှေကား အပြင်ဘက်တွင် လက်နက်တွေ ကိုင်ဆောင်ထားတဲ့ လုံခြုံရေး အစောင့်၄ယောက် ကို တွေ့လိုက်ရသည်။ လုံခြုံရေးအစောင့်တွေ က မတုံ့ပြန်နိုင်ခင် ဓာတ်လှေကား တံခါးက သူတို့ မျက်စိရှေ့မှာတင် ပိတ်သွားသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...