Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း
ရှဲ့စန်း အနက်ရောင် ကျားသစ်သားရဲရဲ့ ဘဝင်မြင့်နေတဲ့ အကြည့်ကို မြင်ပြီး သူ့ရဲ့လည်ပင်းတစ်ဖက်ကို ပွတ်သပ်ကာ "ဥာဏ်ကောင်းလိုက်တာ" ဟု ချီးကျူးခဲ့သည်။
သူ က ကျန်တဲ့ သားရဲတွေကို ကြည့်ကာ "ငါ ခရီးသွားနေတဲ့ အချိန် အနက်ရောင် ကျားသစ်သားရဲက liveကို အဖွင့်၊အပိတ် လုပ်ပေးမှာ ဆိုတဲ့ အတွက် မင်းတို့ liveလွှင့်ချင်တာကို လွှင့်လို့ ရတယ်။ စွင်းမောင်း ကို မင်းတို့ကို ဂရုစိုက်ပေးဖို့ တောင်းဆိုထားလိုက်မယ်၊ မင်းတို့ လိုအပ်တာရှိရင် သူ့ကို ရှာလို့ရတယ်။ အချိန်ရရင် ငါလည်း liveကိုကြည့်နေမယ်”
သားရဲတွေက သူ့ကို ညင်သာစွာ ပွတ်သပ်ရင်း {"အားစန်း၊ စိတ်မပူပါနဲ့၊ ငါတို့ အဆင်ပြေမှာပါ"}
ရှဲ့စန်း အသံလွှင့်ခန်းရှိ စာများကို ကြည့်ကာ ပြုံးလိုက်သည်။
{“မနက်မှ သွားရမှာ။ မင်းတို့ရဲ့ကိုယ်ပိုင် liveကို နောက်မှ စလို့ရတယ်"}
ဧရာမ ကျားသစ်နက် သားရဲ က သူ့ရဲ့ ခြေထောက်ကို မြှောက်လိုက်ပြီး စတင်တဲ့ ခလုတ်ကို နှိပ်တော့မယ့် အချိန်မှာ ရှဲ့စန်း က "ခဏစောင့်ဦး" လို့ ပြောလာသည်။ သူ ကင်မရာကနေ နောက်ပြန်ဆုတ်ပြီး “ဒါပဲ” လို့ပြောလိုက်သည်။
ဧရာမ ကျားသစ်နက်ကြီး က စတင်တဲ့ ခလုတ်ကို တိကျစွာ နှိပ်လိုက်ရာ liveကို ကြည့်ရှုသူတွေ က ပြန်ကြည့်လို့ ရခဲ့သည်။ သို့သော် သားရဲတွေ က နံရံတစ်ဝိုက်တွင် အစုလိုက်အပြုံလိုက် နေနေကြတာကြောင့် သူတို့ရဲ့ ခေါင်းတွေကို မမြင်နိုင်ဘဲ သူတို့ ခန္ဓာကိုယ် နောက်ပိုင်းတွေကိုသာ တွေ့ရသည်။
Liveအတွက် ရှဲ့စန်း ကင်မရာနှစ်လုံး တပ်ဆင်ထားသည်။ တစ်လုံး က သူတို့အရှေ့ နံရံရှိ အရှေ့ကနေ ရိုက်တာ တစ်လုံး ၊အလယ်တွင် တစ်လုံး တပ်ဆင်ထားပြီး အပေါ်စီး ရိုက်ချက်တစ်ခု ပါဝင်သည်။
လောလောဆယ်တွင်၊ ရှေ့ကင်မရာကိုသာ ဖွင့်ထားသောကြောင့် နံရံနှင့် ဆန့်ကျင်ဘက် အနေအထား ကကင်မရာ အပြင်ဘက်တွင် ရှိနေသည်။ Terminalကို နံရံတွင် တပ်ဆင်ထားပြီး ကျားသစ်နက်ကြီး က ခလုတ်ကို နှိပ်ရန် နံရံဆီသို့ သွားခဲ့သည်။ ကျန်တဲ့ သားရဲ တွေက သိချင်စိတ် အပြည့်နဲ့ စောင့်ကြည့်နေတာကြောင့် သူတို့အားလုံး နံရံမှာ စုနေကြသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...