သူ က အရပ်ရှည်ရှည် ပိန်ပြီး သူ့အဖေလိုပဲ အသားမည်းသည်။ သူ၏ အနက်ရောင် မျက်လုံးများမှာ အထူးတောက်ပနေပြီး တံခါးဝ ကနေ ဝင်လာပြီးနောက် စွင်းမောင်း ဆီသို့ ပြေးသွားခဲ့သည်။ သူ့လေသံက မယုံနိုင်မှု အပြည့်နဲ့ စိတ်လှုပ်ရှားနေသည်။
"မန်နေဂျာ စွင်း၊ မင်း ငါ့ကို ပို့လိုက်တဲ့ အချက်အလက်၊ အဲဒါ အမှန်လား?"
စွင်းမောင်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့”
ဂျေး သည် ဧရာမခြင်္သေ့သားရဲ ကိုကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် မိုင်နဲ ကို ကြည့်လိုက်သည်။
“သူ က အရမ်းကောင်းတယ်။ သူက ဧရာမခြင်္သေ့ သားရဲသခင်တိုင်း အတွက် စံပြ ဆက်နွယ်သားရဲပဲ။ မင်း တကယ်ပဲ သူနဲ့ မဆက်နွယ်ဘူးလား"
“အင်း” မိုင်နဲ ပြောလိုက်သည်။
စွင်းမောင်း က ဂျေး၏ ပုခုံးကို ပုတ်လိုက်ပြီး စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။
“သူ မလုပ်နိုင်ဘူး။ မင်းမိသားစုရဲ့ အရည်အချင်းတွေကြောင့် ဂျူလော့စ်အကြောင်း မင်းသိပြီးပြီ မဟုတ်လား"
ဂျေး ခေါင်းညိတ်လိုက်သည်။ မိုင်နဲ အတွက် အရမ်းစိတ်မကောင်း ဖြစ်နေပြီး မိုင်နဲကို နှစ်သိမ့်ချင်ပေမဲ့ ဘာလိုပြောရမှန်း မသိအောင် ဖြစ်သွားသည်။
မိုင်နဲ အကြည့်တွေက မပြောင်းလဲဘဲ သတိပေးလိုက်သည်။
“မင်း အခု စဉ်းစားရမှာ က သူ့ကို မင်း ဆက်နွယ်နိုင်လား?၊ မင်း သူနဲ့ ဆက်နွယ်ဖို့ ဆန္ဒရှိလား?”
ဂျေး သတိထားပြီး ကြည့်လိုက်တယ်။ စစ်မြေပြင်တွင် တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေသလိုမျိုး သူရဲ့ အော်ရာ က စူးရှလာသည်။
မိုင်နဲက ရှဲ့စန်းအား ဘေးသို့ ဆွဲလိုက်သည်။ စွင်းမောင်းလည်း ဘေးသို့ လျှောက်သွားလိုက်သည်။ ဤနေရာတွင် ဂျေးနှင့် ဧရာမခြင်္သေ့သားရဲပဲ ကျန်ခဲ့သည်။
ဂျေး သည် ခြင်္သေ့သားရဲ ဆီသို့ လျှောက်သွားခဲ့သည်။ခြင်္သေ့ကြီး က ဟိန်းဟောက် လာသော်လည်း စိတ်ပိုင်းဖြတ်ထားသည့် အတိုင်း သူ ဆက်လျှောက်သွားခဲ့သည်။ သူသည် ဆက်၍ ချဉ်းကပ်ကာ ခြင်္သေ့ကြီးအား သူနှင့် တိုက်ခိုက်နေသကဲ့သို့ သူ့မျက်လုံးများကို စိုက်ကြည့်နေသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...