Chapter 56 : ဖြေရှင်းခြင်း
ရှဲ့စန်း liveကို ပြန်ဖွင့်ဖို့ ပြင်လိုက်တော့ တင်ဆက်သူရဲ့ မျက်နှာပြင်က၊ ဘယ်ညာ ခွဲထားဆဲ ဖြစ်ပြီး၊ သူ့အား မျှော်လင့်တကြီး ကြည့်နေတဲ့ ဧရာမ ကြံ့သားရဲ ကို ပြောလိုက်သည်။
"ခဏစောင့်နော်၊ မင်းရဲ့ ရှိုးပွဲ လာတော့မှာ" သူစဉ်းစားလိုက်ပြီး “တစ်ယောက်ယောက် က လက်ဆောင်တွေ ထပ်ပို့ပေးလာရင် မင်းတို့ရဲ့ အော်သံတွေကို ထိန်းပေးပါ” လို့ သတိပေးခဲ့တယ်။
လက်မြှောက်ပြီး live ကို ပြန်ဖွင့်လိုက်ပြီး ဘယ်ဘက်ထောင့် က ရုတ်တရက် ပေါ်လာတာတွေ ကို ကြည့်လိုက်တော့ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။
[သားရဲတွေ က သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ကြဘူး။ အရင်က တွေ့လိုက်ရတဲ့ ဧရာမ ကျားသစ်သားရဲရဲ့ တုံ့ပြန်မှုကိုပဲ ကြည့်၊ တင်ဆက်သူ က များသောအားဖြင့် ပြင်းထန်လွန်းတယ်]
[Wow ထွက်လာပါတော့ဟ၊ မင်း သူတို့ကို အနိုင်ကျင့်လို့ မရဘူးနော်]
ရှဲ့စန်း ပြောစရာ စကားမဲ့ သွားသည်။ ဒီကြည့်ရှုသူတွေရဲ့ ဦးနှောက်ပတ်လမ်းတွေ က ဆိုးရွားနေတာ မဟုတ်ဘူးလား။ သူ တွေးတောင် မတွေးခဲ့မိချေ။ ဒီကောင်ကြီးတွေကို တစ်ယောက်ယောက် က ဘယ်လိုလုပ်ပြီး လေ့ကျင့်ပေးနိုင်မှာလဲ။ ပြီးတော့ သူက ဘယ်မှာ အနိုင်ကျင့်နေလို့လဲ။
သူ liveလွှင့်တဲ့ ခလုတ်ကို နှိပ်လိုက်သည်နှင့် ဆက်နွယ်သားရဲတွေ က ဘယ်ဘက် မျက်နှာပြင်ပေါ်တွင် ချက်ချင်း ပေါ်လာပြီး သူတို့ရဲ့ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားကာ အမြီးများတွန့်၍ ရိုးသားစွာဖြင့် နေရာတွင် လှဲနေကြသည်။
"တောင်းပန်ပါတယ်၊ lineမကောင်းလို့ liveလွှင့်တာ ပြတ်တောက်သွားတယ်" ဟု ရှဲ့စန်း က လေးနက်တဲ့ပုံစံဖြင့် ပြောကြားခဲ့သည်။
[တင်ဆက်သူ က လိမ်နေတာ၊ အာရုံစိုက်ပါ!!!]
[ဒါက မဖြစ်နိုင်တဲ့ ဆင်ခြေပဲ။ ဘယ်သူက ယုံမှာလဲ? ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ဆက်နွယ်သားရဲတွေကိုပဲ ကြည့်ခွင့်ပေး]
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...