20. ရေချိုးပေးခြင်း
ပိုင်ရှင်နှစ်ယောက်စီက အဆွဲခံနေရတဲ့ ရှောင်ထုတစ်ယောက်, ရှဲ့စန်းကို မြင်လိုက်တဲ့အချိန်မှာ ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပဲ သူမျက်လုံးတွေက စိတ်အားထက်သန်မှုတွေ ပေါ်ထွက်လာခဲ့သည်။
" ရှဲ့စန်း သူတို့ကို တစ်ချက်လောက် လာကြည့်ပေးပါ "
ပိုင်ရှင်နှစ်ယောက်စီက လွတ်မြောက်အောင် လုပ်လိုက်ပြီး နောက်လှည့်ကာ
" စိတ်မပူပါနဲ ၊ သူတို့ရဲ့ စိတ်ထိခိုက်မှုက မပြင်းထန်ပါဘူး, သူတို့ အန္တရာယ်မရှိပါဘူး "
" ဝူးးးးးးးးးးး, ဒါပေမယ့် အရမ်း သနားစရာကောင်းလောက်အောင်ကို အော်နေတယ်လေ၊ အရမ်း ကြောက်နေကြတဲ့ပုံပဲ "
ပိုင်ရှင်နှစ်ယောက်က တစ်ထပ်ထဲနီးပါး တူတဲ့အရာကို တစ်ချိန်ထဲမှာ ပြောလာခဲ့ကြသည်။ သူတို့ရဲ့ ငိုတဲ့ အသံကတောင် တစ်ပုံစံထဲ ဖြစ်နေကြသည်။
ရှဲ့စန်း ခေါင်းမော့ပြီး သူတို့ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က တူနေကြပြီး ရုပ် တော်တော်ဆင်တူတဲ့ အမွှာတွေဖြစ်ကြသည်။ သူတို့နှစ်ယောက်က ရုပ်ပြထဲက ဆံပင်တိုတိုနဲ့ ကောင်မလေးတွေလိုမျိုး ချစ်ဖို့ကောင်းပြီး ကြည့်ကောင်းနေကြသည်။ ဒါပေမယ့် သူတို့က ယောက်ျားလေးတွေ !!! ရှဲ့စန်း ခေါင်းမြန်မြန်လှည့်လိုက်ကာ သူနဲ့ အနီးဆုံးနားမှာရှိတဲ့ အမွေးရိတ်ထားတဲ့ ခွေးနှစ်ကောင်ရဲ့ ကုတင်စီ သွားလိုက်သည်။
ခွေးလေးရဲ့ ခန္ဓာကိုယ်က မရည်ရွယ်ပေမယ့် တုန်လှုပ်နေခဲ့သည်။ရှဲ့စန်း ထိတွေ့တာကို သိလိုက်ရတော့ ပထမ ထိတ်လန့်သွားသည်။ စူးရှစွာ အော်လာခဲ့ပြီးနောက် ရုတ်တရက် တိတ်ကျသွားပြီး သူ့ခန္ဓာကိုယ် တုန်လှူပ်နေတာ ရပ်သွားခဲ့သည်။ကုတင်ထောင့်ကနေ ခေါင်းထွက်လာခဲ့ပြီး ခန္ဓာကိုယ်ကို လှည့်ကာ သူ့ခေါင်းအား ရှဲ့စန်း လက်ဖဝါးနဲ့ ပွတ်သပ်စေခဲ့သည်။
" ဝူးးးးးးးး, ရှောင်ကျို " ပိုင်ရှင်က အံ့အားသင်စွာနဲ့ ခွေးလေးရဲ့ ကျောဘက်ကို ပွတ်လိုက်သည်။ သူက ခွေးလေးရဲ့ လက်ဖဝါးကို ကိုင်လိုက်ပြီး တားဆီးမရနိုင်လောက်အောင် မျက်ရည်တွေ ကျလာခဲ့သည်, ရှဲ့စန်းကိုကြည့်ပြီး ပြောလာခဲ့သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...