Chapter 53 : သတိပေးခြင်း
မိုင်နဲ က ဘောင်းဘီတိုနဲ့ တီရှပ်ကိုသာ ဝတ်လေ့ရှိသော်လည်း ဒီနွေမှာတော့ အစည်းအဝေးကြောင့် ဝတ်စုံနှင့် ရှပ်အင်္ကျီကို ဝတ်ဆင်ခဲ့သည်။ ရှဲ့စန်း ကို လာကြိုဖို့ ထွက်ခဲ့တော့ သူ့ဝတ်စုံရဲ့ ကုတ်အင်္ကျီကို ချွတ်ခဲ့လိုက်တယ်။ သူ့အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ကြယ်သီး ဖြုတ်ထားသောကြောင့် သူ့ရဲ့ နူးညံ့သိမ်မွေ့သော ညှပ်ရိုး က ပေါ်နေကာ၊ လှပပြီး အလွန်ကို ထင်ရှားနေသည်။
ဒါပေမယ့် အခုအချိန်တွင် သူ့မျက်နှာ က အလွန် ကြည့်ရဆိုးနေပြီး ဂျူလော့စ်ကို စိုက်ကြည့်နေတဲ့ သူ့အကြည့်များ က နက်မှောင်နေသည်။ သူ့ဘက်သို့ လှည့်လာသော ဓားကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူ ဘေးသို့ ခပ်သွက်သွက် ရွေ့သွားပြီး ဂျူလော့စ်ရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။ ထို့နောက် သူက ဂျူလော့စ်ရဲ့ လက်ကောက်ဝတ်ကို ကိုင်ကာ ဂျူလော့စ်ရဲ့နံရိုးကို ကန်လိုက်သည်။
ဂျူလော့စ်ရဲ့ ဒူးတွေ ကွေးသွားကာ သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ သူ က မိုင်နဲရဲ့ လက်ကောက်ဝတ်ကို ဖိကာ မိုင်နဲရဲ့ တိုက်ခိုက်မှုကို ရှောင်ရန် ဘေးသို့ ခုန်လိုက်ပြီး ဓားကို မိုင်နဲ ဆီ ဦးတည်လိုက်သည်။
ရှဲ့စန်း လန့်သွားသော်လည်း မိုင်နဲ ကို အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် မအော်နိုင်ခဲ့ပေ။ သူ ဒီနှစ်ယောက် ကို စိုက်ကြည့်ရင်း အံ့သြမှု အရိပ်အယောင်များ မျက်လုံးတွင် တောက်ပလာသည်။ ၁၀ရက်အတွင်းမှာ ဂျူလော့စ်ရဲ့ စွမ်းရည်တွေ အများကြီး တိုးတက်လာလိမ့်မယ် လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ဂျူလော့စ်ရဲ့ အရင် ကျွမ်းကျင်မှုနဲ့ ဆိုရင် မရှောင်လွှဲနိုင်ပေ။
ဂျူလော့စ်ရဲ့ လက်ကောက်ဝတ်ကို လွှတ်လိုက်တဲ့အခါ မိုင်နဲရဲ့ မျက်လုံးများ အေးစက်သွားကာ ဂျူလော့စ်ရဲ့ ဓားကိုရှောင်ရန် ဘယ်ဘက်ခြေထောက် ကို ရွှေ့လိုက်သည်။ ဂျူလော့စ် က လက်ကောက်ဝတ်ကို လှည့်လိုက်သဖြင့် ဓားက သူ့အနောက်သို့ ပြန်ပါသွားသည်။ မိုင်နဲ က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ညာဘက်သို့ အမြန်ရွှေ့ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ က ဂျူလော့စ်ရဲ့ ညာလက်ကို သူ့ဘယ်ဘက်လက်နဲ့ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ့ရဲ့ ညာဘက်လက်နဲ့ ရိုက်ချလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဘယ်ဘက်လက် ကိုအားသုံးပြီး အောက်သို့အတင်း ဆွဲချခဲ့သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...