Chapter 57 : သံသယရှိသူ
ရှဲ့စန်း မိုင်နဲ လုပ်နေတာတွေကို မသိဘဲ လိုချင်တဲ့ အရုပ်ကို ချက်ချင်း မရသည့်အတွက် စိတ်ပျက်အားလျော့သွားတဲ့ ကျားကြီးကို ပွတ်ပေးလိုက်သည်။ ပြီးနောက် သူက live streamမှ friend requestကို နှိပ်လိုက်သည်၊ သတိပေးချက် 999+ က ချက်ချင်း ပေါ်လာခဲ့ပြီး စာများလည်း ပေါ်လာခဲ့သည်။
တက်လာတဲ့ စာ အားလုံးနီးပါးက ကော်ပီကူးပြီး ကူးယူထားကြသည်၊၊
[သူငယ်ချင်းအဖြစ် ငါ့ကို Add ပေးပါ!]
ရှဲ့စန်း friend appအား အားလုံးကို ငြင်းပယ်ရန် သတ်မှတ်ထားလိုက်ပြီး ပိတ်ဆို့ပြီးနောက် 'ဖန်း' ကို သူငယ်ချင်းအဖြစ် ထည့်သွင်းခဲ့သည်။ သူ့ဦးနှောက်ထဲမှာ ခန့်မှန်းနေမိသည်။ ဧရာမ ကျားသားရဲ က အရပ် ၃ မီတာကျော်ရှိသောကြောင့် ကစားဖို့ ဘောလုံး က အနည်းဆုံး အချင်းသုံးမီတာ ရှိရမယ်။
သူထပ်ပြီးတွေးလိုက်တယ်။ 'တကယ်ကို သုံးမီတာ ရှိတဲ့ သံဘောလုံးကြီးဆိုရင် တန်၁၀၀နီးပါး ရှိလိမ့်မယ်၊ အဲဒီလို ဆိုရင် ဧရာမ ကျားသားရဲတောင် အဲဒါနဲ့ ကစားလို့မရလောက်ဘူး'။
သူ ဖန်း ကို မေးလိုက်တယ် [မင်္ဂလာပါ ။ သိပ်သည်းဆ နိမ့်ပြီး မာကျောမှု မြင့်တဲ့ သတ္တုစပ်ရှိလား။ ဈေးက ဘယ်လောက်ရှိလဲ?]
ဖန်း [ရှိပါတယ်၊ မင်းလိုချင်တာကိုပြောလေ ငါလုပ်ပေးမယ်။ ပိုက်ဆံ ပေးစရာ မလိုပါဘူး]
[အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူဌေးကို အခွင့်ကောင်း မယူနိုင်ပါဘူး။ မင်းငါ့ကို ပိုက်ဆံ မပေးစေချင်ရင် ငါ တခြားကုမ္ပဏီကို ရှာရမယ်]
ဖန်း၊ [တစ်တန်ကို ၃၀,၀၀၀ ကျတယ်]
ရှဲ့စန်း "......."
အဲဒါက သတ္တုစပ်ဖြစ်ရင်တောင် အခဲတစ်တုံးက တန်၂၀နီးပါး ရှိလိမ့်မယ်။ အစ က သူ ပိုက်ဆံတွေ အများကြီး ရခဲ့တယ် လို့ ထင်ခဲ့ပေမယ့် အခုတော့ သူ က အလွန်ဆင်းရဲနေသေးကြောင်း သူသဘောပေါက်သွားသည်။ ကျားကြီး လိုချင်တာကို ဝယ်ဖို့ ပိုက်ဆံ မလောက်ဘူး။ အဲဒါကို စဉ်းစားပြီး သူ မေးလိုက်တယ်
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...