မိုင်နဲ အစားအစာကို တိတ်ဆိတ်စွာနဲ့ စားလိုက်ပြီး ရှဲ့စန်းကို ရှုပ်ထွေးနေတဲ့ အကြည့်နဲ့ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းထောင့်လေး ကော့တက်သွားပြီး " အဲ့ဒါက အရသာရှိတယ် ၊ ကျေးဇူးတင်ပါတယ် "
"မင်းကအရမ်း ကြင်နာတတ်တာပဲ" ရှဲ့စန်း ပြုံးပြီးပြောလိုက်တယ်။ မိုင်နဲခေါင်းပေါ်က စွမ်းအင်တန်ဖိုးကို ကြည့်ပြီး "တကယ်လို့ မင်းကြိုက်တယ်ဆိုရင် ငါမင်းကို နေ့တိုင်း ချက်ပေးလို့ရတယ်"
တစ်ယောက်ချင်းစီရဲ့ စွမ်းအင်တန်ဖိုးက ၁ ကနေ ၁၀ အထိရှိတယ်။ အနိမ့်ဆုံးတန်ဖိုးက စုဆောင်းဖို့လွယ်တယ် ။ သာလွန်တဲ့စွမ်းအင်ကို ရခြင်းနဲ့ ယှဥ်ရင် (ကျေးဇူးတင်စိတ်)စွမ်းအင် ၁၀ ဆိုတာ နည်းနည်းလေးဖြစ်သည်၊ ဒါပေမယ့် အခြား လူတစ်ယောက် နှစ်ယောက်နဲ့ထက်တော့ များနေသေးတယ်။
အဲ့ဒါကြောင့် ရှဲ့စန်းက မိုင်နဲကိုကြည့်ပြီး စိတ်လှုပ်ရှားနေရတာ၊ မနက်နက်စာတစ်ကြိမ်ကို စွမ်းအင် ၂ခု သိမ်းဆည်းရမိတယ်။ ကိုယ်ပိုင်စွမ်းအင်က နေ့တိုင်း အသစ်ပြန်ဖြစ်တယ်၊ နောက်နေ့ မနက်ဆိုရင် ၁၀ပြန်ဖြစ်သွားလိမ့်မယ်။
ရှဲ့စန်း မိုင်နဲကို မျှော်လင့်တကြီး ကြည့်လိုက်ပြီး စိတ်ထဲကနေ တွက်ချက်နေလိုက်တယ်။ တကယ်လို့ မနက်စာအတွက်နဲ့ နေ့တိုင်း စွမ်းအင်၂ခု ရမယ်ဆိုရင် ငါးရက်ကြာရင် ပထမဆုံး အပင်တစ်ပင်ရလိမ့်မယ်။
မိုင်နဲ သူ့ကို အံ့သြစွာကြည့်လိုက်သည်၊ မျက်လွှာချပြီး ပြန်ပြောလိုက်တာက "မလိုဘူး"။ ပြီးနောက် မျက်လုံးပြန်ဖွင့်ပြီး ပြင်းထန်စွာနဲ့ စူးစိုက်ကြည့်လိုက်တယ်။
"မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"
ရှဲ့စန်း သူ့စရိုက်ပြောင်းသွားတာ ကြည့်ပြီး အံ့သြသွားတယ်၊ သူက အခုချက်ချင်းပဲ ချောမောတဲ့မင်းသားလေးစီက စစိဆေးမေးမြန်းခြင်းခံနေရတဲ့ သူရဲကောင်းအဖြစ် ပြောင်းလဲ သွားတယ်လို့ ခံစားလိုက်ရတယ်၊ သိသိသာသာကို တစ်ဖက်လူက သူနဲ့အသက်တူပြီး ကြည့်ကောင်းနေပေမယ့် ရှင်းပြလို့မရတာက အလွန်ဖိနှိပ်ခြင်းခံရတယ်လို့ ခံစားလိုက်ရတယ်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...