Chapter 91 : စွမ်းအင်တွေ အများကြီး ရခြင်း
ရှဲ့စန်း စာတွေ ကို မမြင်နိုင်သော်လည်း စင်မြင့်ရှေ့ရှိ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး liveရှိ ပရိသတ်တွေရဲ့ တုံ့ပြန်မှု ကို ခန့်မှန်းနိုင်ခဲ့သည်။ သူ အိုးထဲရှိ မွှေးကြိုင်နေတဲ့ ငါးပြုတ် ကို ကြည့်ပြီး ဘရန့်ဒ်ဂြိုလ်ရဲ့ လူတွေ က အရမ်း သနားစရာကောင်းပြီး အစားအသောက် အဆင့်အတန်း က အရမ်း နိမ့်ပါးနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
ဒီလောက်ပဲ ဆိုရင်တောင်မှ အနံ့က တကယ်ကောင်းတာ။ စနစ်ရှိ အစေ့တွေကနေ စိုက်ပျိုးထားတဲ့ ငရုတ်သီးများ က အရည်အသွေးညကောင်းမွန်သော်လည်း ဟင်းခတ် အမွှေးအကြိုင်များမှာ အရမ်း နည်းပါးပါသည်။ ပါဝင်ပစ္စည်း အပြည့်အစုံ ရှိပြီး ငရုတ်သီးရဲ့ အရည်အသွေးနဲ့ ပေါင်းစပ်သွားပါက အနံ့ က အခုထက် ပို၍ ဆွဲဆောင်မှု ရှိမည်မှာ သေချာသည်။
'စွမ်းအင် 1' 'စွမ်းအင် 2' စသည်ဖြင့် အားလုံးက ဖန်သားပြင် တစ်ခုလို သူ့မျက်လုံးရှေ့တွင် ရုတ်တရက် မက်ဆေ့ခ်ျတွေ အများကြီး ပျံဝဲလာတာကြောင့် သူ အံ့ဩသွားသည်။
သူ စင်မြင့်ပေါ်ရှိ အိုးကို တောက်ပတဲ့ မျက်လုံးတွေဖြင့် ကြည့်ရင်း သူ့ရှေ့တွင် ချွေးတွေ ရွှဲနစ်နေတဲ့ မျက်နှာများစွာ ရှိနေသည်။ ရှဲ့စန်း ငါးပြုတ်တစ်အိုး ပြုလုပ်ခြင်းမှ ရရှိတဲ့ စွမ်းအင်ပမာဏ ကို အံ့အားသင့်နေပြီး စွမ်းအင်ပမာဏ က ကြီးထွားနေဆဲဖြစ်သည်။
မာချွင် က သူ့ဆီသို့ လျှောက်လာပြီး အိုးထဲသို့ စိုက်ကြည့်လိုက်သည်။
"ဟင်းက ချက်ပြီးပြီလား၊ အားလုံးကိုယ်စား မြည်းကြည့်လို့ ရမလား"
ရှဲ့စန်း သူ့အသိစိတ် ပြန်ဝင်လာသည်။ သူ ကြည့်လိုက်တော့ special menu က စားဖို့ အသင့် ဖြစ်နေကာ ပြုံးပြီး မီးကို ပိတ်လိုက်သည်။
“ကျက်သွားပြီ” ငါးက အလယ်အလတ် အထူရှိပြီး ကောင်းကောင်း ကျက်သွားသည်။
မာချွင် က ပန်းကန်လုံးနဲ့ တူ ကို အမြန် ဆွဲယူပြီး ပန်းကန်လုံးထဲသို့ ငါးအသားလွှာ ထည့်လိုက်သည်။ လေမှုတ်လိုက်ပြီး သူ့ပါးစပ်ထဲ ကို ထည့်လိုက်သည်။ မြင့်မားတဲ့ အပူချိန်အောက်တွင် အစပ်အရသာ က ပို၍ စူးရှလာသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...