Chapter 87 : Coma
ရေဘဝဲ ကို မြင်တော့ ရှူတာ့ မျက်လုံတွေ ပြူးကျယ်သွားကာ "အားစန်း ကြည့်စမ်း၊ မင်းရဲ့ အနောက်မှာ အကောင်ကြီး တစ်ကောင် ရှိနေတယ်!"
ရှဲ့စန်း အေးခဲသွားပြီး နောက်ပြန် လှည့်ကြည့်လိုက်တော့ ရေဘဝဲ အကြီးကြီးက မျက်နှာပြင် ကို စိတ်ဝင်တစားကြည့်နေတာ တွေ့လိုက်ရပြီး မီးခိုးရောင် လက်တံအဖျား က သူ့ပခုံးပေါ်မှာ ငြိမ်သက်စွာ တင်ထားတာ ကို တွေ့လိုက်ရသည်။ ရှူတာ့ရဲ့ စကားကို ကြားတော့ မျက်လုံးကြီးကြီးနဲ့ ဖန်သားပြင် ကို စိုက်ကြည့်နေသည်။
{"ငါက အကောင် အကြီးကြီး မဟုတ်ဘူး၊ ငါက အနိုင်ယူလို့မရနိုင်တဲ့ အရမ်းတော်တဲ့ ရေဘဝဲကြီးပဲ!"}
(T/N : ဪ..... အေးပါဟယ် )ရေဘဝဲကြီးရဲ့ ခေါင်း က အရမ်း ကြီးပြီး သူ့ရဲ့ မျက်လုံးတွေ က အရမ်း အရမ်း ကြီးလွန်းတာကြောင့် လူတွေ ကို စိုက်ကြည့်တဲ့အခါ အရမ်း ကြောက်စရာကောင်းလှသည်။ liveထဲတွင် ကြည့်ရှုသူတွေ က ထအော်နေကြသည်၊
[အားး အားးးး အားးးးးး တင်ဆက်သူ ပြေးတော့လေ!]
ရှဲ့စန်း က live မဟုတ်ဘဲ ဆက်သွယ်ရေး စက်ကိုသာ ဖွင့်ထားတာကြောင့် စာတွေ ကို မမြင်နိုင်ဘဲ ငြိမ်သက်နေခဲ့သည်။ ရေဘဝဲ ကို သူ က ရှင်းပြလိုက်သည်။
{"အကောင် အကြီးကြီး ဆိုတာ မင်း က ခန္ဓာကိုယ် အကြီးကြီးနဲ့ အရမ်း ခံ့ညားတယ်လို့ ပြောတာ"}
ရေဘဝဲကြီး က မျက်တောင်ခတ်ကာ {"မျက်စိ ကောင်းသားပဲ"}
(T/N : ကောင်းမှာပေါ့ 👓 တပ်ထားရတယ်လေ)ရှဲ့စန်း ကို ကြည့်နေရင်းနဲ့ ရှူတာ့ရဲ့ လက်တွေ တုန်နေသည်။
"ဒါက ကြောက်စရာကြီး!" ရှဲ့စန်းရဲ့ ပတ်ပတ်လည် ကို ကြည့်ရင်း "အားထန်း က ဘယ်မှာလဲ? ဒါ မတော်တဆဖြစ်နေတော့ မဟုတ်ဘူး မဟုတ်လား"
ရှဲ့စန်း က "မဟုတ်ပါဘူး၊ ကျွန်တော်တို့ အားလုံး အဆင်ပြေပါတယ်။ သူက ကျွန်တော်တို့ အနားမှာ ရှိတယ်"
ရှူတာ့ စိတ်အေးသွားစေဖို့ သူက လှည့်လိုက်ပြီး ဗီဒီယိုကို ချဲ့ပြလိုက်သည်။ မဝေးတဲ့ နေရာရှိ နဂါးပျံသားရဲပေါ်မှာ ထိုင်နေတဲ့ လောင်ထန်း ကို ပြပြီး
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...