ရှဲ့စန်း ဆရာဝန်လုပ်သလို ဆက်သွယ်ရေးကိရိယာဖွင့်လိုက်ပြီး billပေးချေခဲ့တယ်၊သူဆင်းရုံမှာ နှစ်ရက်ပဲနေတာကို အားလုံးပေါင်း ၂၈၈၀၀တောင် ကျတယ်
အဲ့ဒါက အရမ်းစျေးမကြီးလွန်းဘူးလား၊ပေးချေတဲ့ခလုတ်ကိုနှိပ် သူ့လက်ဗွေရာသုံးပြီး ပေးချေခဲ့တယ်၊ အဲ့ဒီနောက်မှာ စာရောက်လာခဲ့တယ်၊
စာကိုကြည့်လိုက်တော့ သူ့လက်ကျန်ငွေက ဒင်္ဂါး ၅၀၀နဲ့ ၆၃ပြား ကျန်တယ်။ဆရာဝန်က "မင်းရဲ့ ဆေးရုံခ က ပေးပြီးသွားပြီ၊ အချိန်မရွေး ဆေးရုံကဆင်းလို့ရပြီ၊ နေလို့မကောင်းဘူးလို့ ခံစားရရင် ဆေးရုံကိုဖြစ်နိုင်သမျှ စောစောလာခဲ့ပါ။"
ရှဲ့စန်းခေါင်းညိတ်ပြပြီး ဆရာဝန်ရဲ့အကူအညီနဲ့ဆေးရုံဆင်းခဲ့တယ်၊မိနစ်နှစ်ဆယ်ကြာပြီးနောက် တွေဝေနေတဲ့မျက်နှာထားနဲ့ လမ်းမပေါ်မှာ မတ်တပ်ရပ်နေခဲ့တယ်
သူ့အရှေ့ကလမ်းမကြီးဟာ သူအရင်တုန်းကရောက်ဖူးတဲ့မြို့တိုင်းမှာရှိတဲ့ လမ်းမတွေထက် ပိုပြီးတော့ကြီးမားကျယ်ပြန့်တယ်၊ လမ်းမပေါ်မှာကားမျိုးစုံရှိနေပြီး အကုန်လုံးနီးပါးကို သူတစ်ခါမှမမြင်ဖူးဘူး
ပျံသန်းရေးကိရိယာမျိုးစုံက လေထဲမှာ ပျံသန်းနေကြတယ်၊အဲ့ဒီအထဲမှာ ငှက်တွေလည်းပါတယ်၊ ငှက်တွေက အရမ်းကြီးပြီး အရမ်းမ့န်တယ်၊ တစ်ချို့လူတွေက ငှက်တွေပေါ်မှာစီးနေတာကို ရှဲ့စန်းတွေ့ ခဲ့တယ်။
ရှဲ့စန်း သူ့လက်သူ ဆွဲဆိတ်ခဲ့ပြီး နာကျင်လာတယ်၊ သူအသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်လျှော့ဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့်မတတ်နိုင်ဘဲ သူအာ်မိသွားတယ်၊
"F**k"ဆေးရုံမှာတုန်းက တစ်ခုခုထင်ခဲ့ပေမယ့် သူသေချာမစဥ်းစားမိခဲ့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့မျက်စိရှေ့မှာရှိတဲ့ဟာတွေကို ကြည့်ရတာ "သူတစ်ခြားကမ္ဘာတစ်ခုမှာ ပြန်လည်မွေးဖွားလာခဲ့တာ ဖြစ်နိုင်တယ်"
သူ့ဆက်သွယ်ရေးကိရိယာကိုဖွင့်ပြီး profileကိုကြည့်လိုက်တော့ နာမည်နဲ့ဓါတ်ပုံက သူနဲ့အတိအကျတူနေတယ်၊ ဒါပေမယ့် ကျန်တာတွေက တစ်ခုမှမတူဘူး
ESTÁS LEYENDO
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...