ရှဲ့စန်း မတ်တပ်ရပ်ပြီး ခေါင်းခါလိုက်သည်၊ "ကျွန်တော်က ပြုစုစောင့်ရှောက်သူ မဟုတ်ပါဘူး"
အဖြူရောင်ဝတ်ထားလူ က အံ့အားသင့်သွားသည်၊ ရှဲ့စန်း ခြေထောက်ကို ပွတ်နေသေးတဲ့ ကြောင်ကို အံ့သြစွာကြည့်ပြီး သိမ်မွေ့စွာ ပြုံးလိုက်သည်၊ "သူ့ကို စိတ်ငြိမ်သွားအောင် လုပ်ပေးတဲ့နေရာမှာ အရမ်းတော်တယ်၊ မင်း က ငါတွေ့ဖူးသမျှ စောင့်ရှောက်သူတွေထက် ပိုကောင်းတယ်။ "
ရှဲ့စန်း : "....."
သူ ဘာမှမလုပ်ခဲ့ရပါဘူး၊ သူ အပင် system ကို ရပြီးနောက်မှာ တိရိစ္ဆာန်တွေက သူ့ကို သဘောကျလာကြတယ်။ အက်ဒမ် ပြောတာတော့ အဲ့ဒီလို ဖြစ်ရတဲ့အကြောင်း က တိရိစ္ဆာန်တွေရဲ့ သဘာဝနဲ့ နီးကပ်မှုကြောင့်ဖြစ်တယ်တဲ့။
အပြာရောင် ဝတ်ထားတဲ့လူက အနည်းငယ် ကုန်းပြီး ရှဲ့စန်းစီ ကို အသာလေး လမ်းလျှောက်လာခဲ့တယ်၊ သူ့မျက်လုံးက ကြောင်လေး ထွက်မပြေးတာသေချာအောင် အချိန်ပြည့်ကြည့်နေခဲ့တယ်။ ကြောင်လေးစီ ရောက်တဲ့ အခါမှာ ထိုင်ချလိုက်ပြီး သူ့ရဲ့ တောက်ပတဲ့ အနီရောင်မျက်လုံးနဲ့ ကြည့်လိုက်တယ်။
"မြှောင်~~~"
သူ က ကြောင် ကို ဆွဲယူလိုက်တော့ ကြောင်လေးက ရှဲ့စန်းကို တွယ်ကပ်နေတာ လွတ်တော့မလိုဖြစ်သွားသည်၊ ကြောင်လေးက အနည်းငယ် စိတ်တိုနေတဲ့ ကြောင်အော်သံ တိုးတိုးလေး ပေးလာခဲ့သည်။
အပြာရောင် ဝတ်ထားတဲ့လူ က လှုပ်နေတာရပ်တန့်သွားသည်၊ ကြောင်လေးက သူ့လက်ထဲကနေ ခုန်ချသွားခဲ့ပြီး ရှဲ့စန်း ခြေထောက် ကို သူ့ခေါင်းနဲ့ ဆက်ပွတ်နေခဲ့သည်။
"မန်နေဂျာ ယန် ငါတို့ ဘယ်လိုလုပ်သင့်လဲ" အပြာရောင်ဝတ်စုံ ဝတ်ထားတဲ့လူ က နောက်လှည့်ပြီး မေးလိုက်သည်၊ သူ့ကို ကြည့်ရတာ စိတ်ပျက်သွားပုံရသည်။
"သူက ငါနဲ့ ဆက်နွယ်နိုင်မှု အမြင့်ဆုံး ဖြစ်တဲ့ ပါရှန်(မွေးရှည်)ကြောင် ဖြစ်ပေမယ့် ငါ့ကို သဘောမကျတဲ့ပုံပဲ"
အဖြူရောင် ဝတ်ထားတဲ့လူက လမ်းလျှောက်လာပြီး ကြောင်ကို စစ်ဆေးကြည့်လိုက်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...