Hi I'm back 👋
Chapter 26 : တိုက်ခိုက်ခြင်း
အဖိုး နဲ့ လောင်ထန်း က တစ်ချိန်တည်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး မေးလာခဲ့သည်။
“အဘိုး ၊အဘိုးလည်း သူ့ကို သိတာလား”
"ရှောင်ထန်း၊ မင်းလည်း သူ့ကို သိတာလား"ရှဲ့စန်း က သူတို့နှစ်ယောက်ရဲ့ တူညီတဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး တွေးကြည့်လိုက်တော့ သူတို့ အရမ်းတူနေတာ မထူးဆန်းပါဘူး၊ သူတို့က မြေးအဘိုးတွေပဲ။ သူတို့နှစ်ဦးနှင့်ဆက်ဆံရာတွင် ယခင်က အကြောင်း တွေးကြည့်သောအခါ၊ လူများကို ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းသည်လည်း အတူတူပင်ဖြစ်သည်။
“သူက ငါ ပြောနေတဲ့ အိမ်နီးနားချင်းလေ” ဟု အဘိုးက ပြောသည်။
လောင်ထန်း ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ မျှော်လင့်ထားသည့် အကြည့်ဖြင့် သူ့ပခုံးကိုဆွဲကိုင်ရန် ရှဲ့စန်း ဆီသို့ ခုန်လိုက်သည်။
"အစပ် အသားခြောက် က အရမ်းအရသာရှိတယ် ! ။ ငါ ပိုပြီးတော့ စားချင်တယ်!"
ရှဲ့စန်း သည် အဘိုးအိုကို ကြည့်လိုက်သည်။
“ငါ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ ဒီကလေးက ငါထမင်းစားချိန်ကို သိတယ်” လို့ ညည်းတွားလာခဲ့သည်။
"သူက အကုန်လုံးနီးပါး စားသွားတယ်!"
ရှဲ့စန်း သည် လောင်ထန်း၏လက်ကို ဖယ်လိုက်သည်။
"မရှိတော့ဘူး။"
လောင်ထန်း ၏ ပြုံးနေသော မျက်နှာသည် မဲ့ကျသွားပြီး တစ်စက္ကန့်အကြာတွင် စိတ်ပျက်နေသော မျက်နှာ ဖြစ်သွားသည်။ ထို့နောက် ဖြူစင်တောက်ပသော သွားများဖြင့် ပြုံးပြလာသည်။
“ဘယ်မှာ ဝယ်ရမလဲ ဆိုတာ ပြောပြပါ။ နေ့တိုင်း စောင့်ကြည့်နေမယ်။ ငါ သေချာပေါက် ဝယ်မှာ!"
အဖိုးက ခေါင်းညိတ် သဘောတူလာသည်။ "ဟုတ်တယ်၊ ဟုတ်တယ်။ ဘယ်မှာဝယ်ရမလဲ ပြောပါ။ ဒီကလေးက ပစ္စည်းတွေ မြန်မ့န်ဆန်ဆန် ဝယ်တာကျွမ်းတယ်။ မင်းအတွက် တစ်ချို့ကိုလည်း ငါတို့ ဝယ်ထားပေးမယ်။"
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...