5.တသီးတခြား​နေခြင်း

7.3K 1.2K 15
                                    

ရှဲ့စန်း အသားလှီး​နေရင်း ​ခေါင်းလှည့်ကြည့်ပြီး
"လူ​ချော​လေး၊ မင်းက သ​ဘော​ကောင်းတယ်ထင်လို့ သူငယ်ချင်းဖြစ်ချင်တာပါ၊ ငါတို့အတူတူလုပ်လို့ရမယ့် ဝါသနာ ရှိမရှိ နားလည်ချင်ရုံပါ"

မိုင်နဲ ရွှတ်​နောက်​နောက် ပြုံးခဲ့တယ်၊ တစ်ကယ်လို့ ရှဲ့စန်းက ​သူနဲ့ ကျောင်းတူပြီး သနားစရာ​ကောင်းတဲ့ ကောင်လေး ဆိုတာ မသိခဲ့ရင် သူကူညီခဲ့မှာ မဟုတ်ဘူး။

"ငါ့မှာ သူငယ်ချင်းမရှိဘူး ပြီး​တော့ ငါတစ်​ယောက်မှ မလိုဘူး။"

ရှဲ့စန်း သူလုပ်လက်စကို ရပ်ပြီး​တော့ တံခါးဘောင်ကို မှီပြီး လက်ပိုက်ထားတဲ့ မိုင်နဲကို လှည့်ကြည့်လိုက်တယ်၊ ကြားလိုက်ရတဲ့ စကား​တွေက သူ့ဆီက ထွက်လာတယ် မထင်ရ​လောက်​အောင် ပြုံး​နေခဲ့တယ်။

ရှဲ့စန်း မျက်​တောင်ခပ်လိုက်ပြီး "​ဟေ့ ၊ မင်းအမြင်က နည်းနည်း မကျဥ်း​နေဘူးလား၊ မင်းကအရမ်း​ချောတယ်၊ မင်းသူငယ်ချင်း​တွေကို မင်းလို​ချောတဲ့လူ ဖြစ်မှရမယ်​လို့ တွေးထားလို့လား၊ ဘာလို့ တစ်​ယောက်တည်း ​နေချင်ရတာလဲ၊ သူငယ်ချင်းဖွဲ့သင့်တယ်​လေ"

မိုင်နဲ သူ့ရဲ့ ဖြူ​ဖျော့ပြီး ​လေးနက်​နေတဲ့ မျက်နှာကို ပြုံးပြီး ကြည့်လိုက်တယ်၊ "အဲ့ဒါ​ကြောင့်မဟုတ်ဘူး"
ချက်​နေတာကို ​မေး​ငေါ့ပြပြီး " မြန်မြန်လုပ်​လေ၊ ငါအိပ်ရဦးမယ်"

ရှဲ့စန်း အခုအချိန်ကို​တွေးမိပြီး မြန်မြန်ပြန်​ပြောလိုက်တယ်၊ "ငါကိုယ်တိုင် လုပ်လို့ရပါတယ်၊ မင်းသွားအိပ်လိုက်​တော့​လေ"

မိုင်နဲ ခဏစဥ်းစားပြီး ​ခေါင်းညိတ်ပြလိုက်တယ်။ နံရံ​ပေါ်က ခလုတ်ကို ညွှန်ပြပြီး "တံခါးပိတ်ပြီးရင် အသံလုံစနစ် ဖွင့်ထားလိုက်" ရှဲ့စန်းပြန်​ဖြေပြီးတာနဲ့ လှည့်ပြီး သူ့အခန်းထဲဝင်သွားတယ်။

ရှဲ့စန်း လက်​ဆေးပြီးတာနဲ့ တံခါးနားသွားပြီး မိုင်နဲ​ပြောသလို အသံလုံစနစ်ဖွင့်ပြီး တံခါးကိုပိတ်လိုက်တယ်။ သူ့လက်နှစ်ဖက်ရိုက်တဲ့ အသံနဲ့တင် နိုးတယ်ဆို​တော့ သူက အအိပ်ဆက်တဲ့သူဖြစ်ရမယ်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now