အပိုင်း (125)

352 60 4
                                    

(125) လုယက်မှု ၂

ဒီလို အ​ခြေအနေ မျိုး ဆိုရင်တော့ အရွယ်ရောက် နဂါးတွေက မတော်တဆ မှု တစ်ခု ခုနဲ့ ကြုံတွေ့ နေရတဲ့ဖြစ်နိုင် ချေ က ပိုပြီးတော့ များလေတယ်။

နဂါးငယ်လေး တွေရဲ့ အားနည်းတဲ့ ' တီးတိုး အော်မြည်သံ ' လေးတွေကို နားထောင် ပြီးတော့ နျင်းချု က သူ့ လက်ဖဝါး ပေါ်မှာ မီးလုံးလေး တစ်လုံး ထွန်းလိုက် ကာ အသိုက် ထဲကို လမ်းလျောက် ပြီးတော့ ဝင်သွား တော့လေတယ်။

အသိုက် က အထဲကို ဝင်လာ လေလေ ကျဥ်း​မြောင်း သထက် ကို ကျဥ်းမြောင်း လာခဲ့ လေတယ် ။ နောက်ဆုံး မှာတော့ နျင်းချု က ထိုင်ချ လိုက် ပြီးတော့ အသိုက် အထဲကနေ အခုမှ ဥကနေ ပေါက်လာတဲ့ နဂါးဘေဘီ အသစ်လေး တွေ ကို ထုတ်ယူ လိုက်လေတယ်။

ထိုနေရာရဲ့ ဘေးပတ်ဝန်း ကျင် က ယာယီ လုံခြုံ တဲ့ အတွက်ကြောင့် အကွာအဝေး တစ်နေရာမှာ ရပ်ခိုင်း ထားတဲ့ အောင်းဝ် အုပ်စု ကို လာခိုင်း လိုက်တော့ လေတယ်။

အောင်းဝ်ဝူ လေးက အောင်းဝ်အာ့ ရဲ့ နောက်ကျောပေါ်မှာ ရှိနေကာ သူမလေး ရဲ့ လက်သည်း တွေက သူ့ရဲ့ လည်ဆံ မွှေး​တွေကို ကုတ်တွယ် ထား လေတယ်။ နဂါးလေး တွေ အကုန်လုံး က အသိုက်ထဲကို ပျံသန်း ဝင်ရောက် လာပြီး တဲ့နောက် နျင်းချု လက်မောင်း တွေထဲမှာ ပွေ့ထားတဲ့ ဥပေါက်စ နဂါးလေး တွေကို သွားကြည့်လိုက် ကြ လေတယ်။

ထို နေရာမှာ ဥကနေ ပေါက်ကာစ နဂါးလေး ၃ ကောင်ရှိလေတယ်။ ပြီးတော့ နျင်းချု က တစ်ခဏတော့ သူတို့ရဲ့ မျိုးစိတ် က ဘာလဲ ဆိုတာကို မခွဲခြား နိုင်သေး ပါပေ။ ဒါကြောင့် မလို့ သူက မောလ်ထဲ ကနေ ပြီးတော့ နဂါးနို့ တစ်ချို့ကို အရင်ဆုံး ဝယ်ယူ လိုက်လေတယ်။

ဥပေါက်ကာ စ လေး တွေကို ယာယီအားဖြင့် မြက်လေးတွေ ထဲမှာ ထည့်ထား လိုက်တယ်။ သူတို့လေး တွေက မပျံနိုင်သေးသလို လမ်းလည်း အခုချိန်ထိ မလျောက် နိုင်ကြ သေးပါပေ။

ပြီးတော့ သူတို့လေး တွေက အရောင်စုံ ရှိတဲ့ နဂါးငယ် တွေကို ကြောက်ရွံ့စွာနဲ့ မော့ပြီးတော့ ကြည့်​နေ ခဲ့ ကြ လေတယ်။

အောင်းဝ်ဝူ က ထို နဂါးလေး တွေရဲ့ အနားကို ကပ်သွားကာ အနံ့ခံ လိုက် ပြီးတော့မှ သုံးကောင်ထဲ က အလယ်မှ အကောင်ရဲ့ နဖူးလေးကို လျှာလေး နဲ့လျက်ကာ ပွတ်ပေးလိုက် လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Место, где живут истории. Откройте их для себя