Part 312
သူမက ပန်ကိတ်နှင့် ပေါက်စီများထုတ်လာကာ သူမ၏အိမ်လုပ် ဆော့စ်နှင့် ဆော့စ်အစပ်တို့ကိုသုတ်ကာ မီးကင်လေသောအခါ နူးညံ့မွှေးပျံ့လာပြီး အသားကလည်း မွှေးပျံ့လာလေသည်။
မိုင်စွေ့နှင့်ရှောင်ဝမ်တို့ အကြိုက်ဆုံးအရာများပင်။
တဝမ်နှင့်စန်းဝမ်တို့က မည်သည့်ဟင်းမဆိုစားကြသော်လည်း အသားကိုသာပိုကြိုက်ကြသည်။
လင်းလန်က ဟန်ချင်းစုန့်အကင်နှစ်ချောင်းစားပြီးသည်ကိုတွေ့၍ ထပ်ပေးလေသည်။
သူက ငြင်းဆိုလေသည်။
"အပြင်မှာအေးတယ်... အိမ်ထဲဝင်ရအောင်..."လင်းလန်ကသူ့အပေါ်မှီလိုက်သည်။
"မအေးပါဘူး..."
သူမက အကင်တစ်ချောင်းယူကာ သူ့ပါးစပ်နားတေ့ပေးလိုက်သည်။
"မြန်မြန်စားလိုက်လေ.... မွှေးတယ်မလား..."ဟန်ချင်စုန့်ကအသားကိုကိုက်ကာ ဝါးလိုက်သည်။
"ကိုယ်တို့ သိုးကောင်လုံးကင်စားရင်ပိုကောင်းမှာနော်... ဒါပေမဲ့ မကင်ဖူးရင် မကျက်တာတွေဘာတွေဖြစ်တတ်တယ်ရယ်...."ကလေးများက သိုးကောင်လုံးကင်ကစားကောင်းသလားဟု သိချင်နေကြသည်။
အထူးသဖြင့် တဝမ်နှင့်စန်းဝမ်ဖြစ်သည် သူတို့အတွက် အသားစအကြီးကြီးကိုသူတို့၏လက်နှင့် ဖဲ့စားရလျှင် နတ်ပြည်ရောက်သလိုခံစားရမည်ဖြစ်သည်။
အားဝမ်၏ဘယ်လက်က တံစို့များကိုင်ပြီးကင်နေကာ ညာလက်ဖြင့် တံစို့တစ်ခုကိုင်ကာစားနေသည်။
"အဖေ... သားအဖေ့အတွက်ကင်ပေးမယ်... အဖေနဲ့အမေ အိမ်ထဲဝင်စားကြပါလား..."
ဟန်ချင်စုန်က သူနှင့်လွှတ်ထားလိုက်ပြီး မပျက်စီးစေရန်နှင့် သေချာလုပ်ရန်ပြောပြီးပေးခဲ့သည်။
အားဝမ်က ပြုံးပြီးပြောသည်။
"သားသိပါတယ်...."လင်းလန်က အနည်းငယ်နောင်တရနေသည်။
"ဇီရာစေ့မရှိလို့ပေါ့... ဇီရာစေ့နဲ့ဆိုပိုစားကောင်းမှာ...."
ကလေးများက ဇီရာစေ့ဆိုသည်မှာ ဘာမှန်းမသိ၍ မေးကြလေသည်။
YOU ARE READING
အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်
General Fictionအပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊