၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.6K 138 0
                                    

Part 316

သေချာပေ၏၊ နောက်ပိုင်း သူအရိုက်ခံရသည့်အခါ  သူ့အဖေက တကယ့်နောက်ကွယ်က လက်မည်းကြီးဆိုသည်ကို  သူနောက်ဆုံးမှာ သိခဲ့ရသည်။

အစ်ကိုကြီးရေ တကယ်နာတယ်ဟ...

သို့သော် ရွာမှလူတော်တော်များများသည် ညဉ့်သန်းခေါင်တွင် ပြဇာတ်ကြီးသီချင်း ဆိုသည့်
စန်းဝမ် အကြောင်းကို သိကြပြီးပေပြီ။ ယင်းက ရှက်စရာကောင်းလှ၏။

နှစ်ဆယ့်ခြောက်နှစ်၊ နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်...

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် တပ်မဟာသည် တိုဟူးနှင့် ခေါက်ဆွဲများကို ကြိတ်ကာ ဝက်များကိုသတ်ပြီး  အသားများကို ခွဲဝေခဲ့သည့်အတွက် ရွာက အသက်ဝင်နေခဲ့၏။

လင်းလန်  တရုတ်နှစ်သစ်ကူးအတွက် အားဝမ် ၏ ပေါင်းမုန့်ကို အိမ်တွင် ယူဆောင်သွားခဲ့သည်။  တဝမ်၊မိုင်စွေ့ နှင့် စန်းဝမ်တို့က ပစ္စည်းသယ်လိုကြ၏။  မိုင်စွေ့က စာရင်းရှင်းကာ တဝမ်က ပစ္စည်းတွေသယ်ဆောင်ပြီး စန်းဝမ်က လူမုန်းများအောင်လုပ်လေသည်။   လုံးဝကို မဆိုးလှပေ။

ဟန်ချင်စုန့် နှင့် သူ၏ဗျူရိုမှာလည်း အားလပ်ရက်များရှိပြီး ဂုဏ်​ပြုအစည်းအဝေးကျင်းပရန် ခရိုင်သို့ ဦးစွာသွားခဲ့သည်။ မှန်ပေ၏၊  ဟန်ချင်စုန့်က သူ့ဆုလာဘ်အတွက်သွားခဲ့ခြင်းပင်။

အဖွင့်မှာ စွန်းကျောက်ဝမ်နှင့်ဟွမ်ဝေကျုံးတို့ကို ရှေ့တက်လာစေပြီး  သူက ပြိုင်ပွဲထဲက ဆုလာဘ်တွေကို  ဦးဆောင်ရေတွက်ပေးမည်ဖြစ်သည်။  စုစု​ပေါင်း မနည်း​လောက်​​လောက်​​အောင်​ရှိ​နေပြီး​ ၎င်းနောက်​ သူတို့က ကိုယ့်ပြိုင်ပွဲမှာကိုယ်  အမှတ်ယူနေဆဲပင်။

ဆုလာဘ်များသည် ယေဘုယျအားဖြင့် အစားသောက်/အထည်/အသုံး လက်မှတ်များစသည်တို့ဖြစ်ပြီး ငွေသားလည်း ပါရှိလေသည်။

ဆုချီးမြှင့်ပြီးနောက် ဟန်ချင်စုန့်တွင် သဘာဝအတိုင်း သူ၏ချီးမွမ်းလောက်စရာ လုပ်ဆောင်ချက်များအတွက်  အများဆုံးရထား၏- ခေါက်ဆွဲ ၁၀၀ ကတ်တီ၊ မြေပဲဆီ ၂၀ ကတ်တီ၊ နှမ်းဆီ ၅ ကတ်တီ၊ ရေနံဆီ ၂၀ ကတ်တီ၊ ဖရဲစေ့ ၁၀ကတ်တီ၊ ဝက်ခြေထောက်တစ်ခု၊ ရေခဲရိုက်မက်ကရယ်ငါးတချို့၊   သကြားဖြူ ငါးကတ်တီ၊ အနွေးအိုးနှစ်အိုး၊ ကြွေအိုးနှစ်အိုး၊ ကြွေအိုးကရားနှစ်ခု၊ ဂျူဂျူဘယ်အချို့၊ ပန်းသီး၊ သစ်တော်သီး၊ အချိုပွဲများ၊ သစ်သီးခြောက်စသည်ဖြင့်။  အထည်လက်မှတ်ငါးပေ၊ ချည်လက်မှတ်ငါးကီလိုနှင့် ယွမ်တစ်ရာ။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Onde histórias criam vida. Descubra agora