အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 104 0
                                    

Part 428

အမှန်တွင် လင်းလန်က မထီမဲ့မြင်ပြုမှာမဟုတ်သလို တတ်နိုင်သမျှ အမြန်ဆုံးလက်ထပ်စေရန်ပဲ ဆန္ဒရှိခဲ့၏။ ဟန်ကျင်းယုက လျိုဟောင်ကျဲကို ကျေနပ်နေပြီး လျိုဟောင်ကျဲကလည်း ဟန်ကျင်းယုကို အလွန်စိတ်ဝင်စားနေသည်ကို တွေ့ရသဖြင့် လင်းလန်   သူတို့ သေချာပေါက် လက်ထပ်နိုင်သည်ဟု ခံစားရသည်။

နင်လက်ထပ်ပြီးရင် အိမ်မှာ ပြဿနာမရှာတော့နဲ့...


အဖွားကြီးဟန်မှာ ဘာအကြံမှမရှိတော့လျှင် လူတွေလည်း အေးအေးဆေးဆေးနေနိုင်ပြီဖြစ်၏ထိုအချိန်တွင် အစ်ကိုကြီးဟန်က အိမ်ပြန်၍ ပထမချွေးမဟန်နှင့်အတူ နေထိုင်နိုင်ပေသည်။

………………………………

လတ်တလောတွင် ရေကြီးရာသီဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ လမ်းပေါ်ရှိ ရွှံ့မြစ်ရေများ သိသိသာသာ မြင့်တက်လာသည်။ အိမ်ရှိကြက်များက ကြက်ခြံထဲတွင် ပုန်းအောင်းနေကြသော်လည်း ဘဲများကမူ ခြံထဲတွင် ဆော့ကစားနိုင်ပြီး ရေများစွာကို ပိတ်ဆို့ကာ ပျော်ရွှင်စွာ လှည့်ပတ်နေ ကြသည်။

မိုးရာသီမှာ ကျောင်းတွေပိတ်ပြီး ဝန်ထမ်းတွေလည်း အလုပ်ပိတ်၏။ လင်းလန်ကလည်း ကလေးတွေကို ရေထဲမဆင်းအောင် တားခဲ့သည်။ ထို့ကြောင့် ကလေးအနည်းငယ်က ပုစဉ်းရင်ကွဲရှာရသည်ကို စွဲလန်းနကြ၏။ မိုးရွာပြီးနောက် မြေဆီလွှာများ ပျော့ပျောင်းလာသဖြင့်် ပုစဉ်းရင်ကွဲ အိတ်များပင်ရှိလာတော့သည်။  ပုစဉ်းရင်ကွဲ သူ့အလိုလို တွားထွက်လာတတ်ပြီး သူတို့က ကောက်ထည့်လိုက်ရုံသာဖြစ်၏။

လင်းလန်တစ်ယောက်  မိုးရွာနေချိန်တွင် အဖွဲ့ဝင်များကို ဝါဒဖြန့်ရန် တုန်ဟွိုင်ဟွ  နှင့် လျှိုချွန်းချိုက်တို့ကို စီစဉ်ပေးခဲ့သည်။ ယခု သူမက အရွယ်ရောက်ပြီးသူများကို ၎င်းတို့၏  ကိုယ်ရည်ကိုယ်သွေးများကို အာရုံစိုက်ရန် အဓိကထားပြီး ပညာပေးသည်အဓိကအကြောင်းအရာမှာ  ယဉ်ကျေးပြီး အရည်အသွေးရှိရန်၊  ဘယ်နေရာမဆို အပေါ့အလေးစွန့်ခြင်းမျိုးမပြုလုပ်ရန်နှင့် အထူးသဖြင့်  ဆန့်ကျင်ဘက်လိင်ရှေ့တွင်ဖြစ်၏။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora